နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအကျိုး စီးပွားကို စောင့်ရှောက်ကာကွယ်လိုသူ (လူပုဂ္ဂိုလ်/ပါတီ/အဖွဲ့အစည်း)များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအကျိုး စီးပွားကို စောင့်ရှောက်ကာကွယ်လိုသူ (လူပုဂ္ဂိုလ်/ပါတီ/အဖွဲ့အစည်း)များနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့၌ ကျင်းပသည့် USDP ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်းပြောဆိုခဲ့တယ်လို့ USDP ပါတီ Page ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ USDP ပါတီ ဥက္ကဋ္ဌ က “အကြမ်းဖက်အနိုင်ကျင့်နှိပ်စက်ခံရမှုကြောင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို မိမိခုခံကာ ကွယ်ရင်း ဖြစ်ပေါ်လာသော ပါတီမိသားစုများ၏ ဥပဒေရေးရာနှင့် အခြားအကျိုးဆက် များအတွက် ပါတီက ကူညီစောင့်ရှောက်ဖြေရှင်းပေးရန် နှင့် ဤကာလအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသော ပါတီမိသားစုများအတွက် ပုံမှန် ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးရန်”စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီ စတင်ထမ်းဆောင်သည့် ကာလမှ စတင်ပြီး ယနေ့အချိန်ထိ တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံခြင်း ခံရမှု ဖြစ်ပေါ်လျက်ရှိပါတယ်။
Zawgyi/

#PeopleMedia #USDP