မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုသင့်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုသင့်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော၊ မနက်ဖြန် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အရေးပေါ် အစည်းအဝေးတွင် ဆွေးနွေးမည်

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မျက်ကွယ်ပြုနေသည့် အကြမ်းဖက် လူသတ် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုသင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jrက ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုကြောင်း၊ အာဆီယံအဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချရမှုနှင့် ဂုဏ်သိက္ခာသည် အရေးကြီးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr ကပြောဆိုသည်။

အာဆီယံက ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ထားပြီး မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်မပေးသဖြင့် အာဆီယံအထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံလာရောက်နိုင်ခြင်းမရှိသေးပေ။

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့် မင်းအောင်လှိုင်ကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ မဖိတ်ကြားရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *