တောထဲရောက်နေပြီးကျောင်းမနေရတော့တဲ့ညီလေးအတွက် အကိုတစ်ယောက်ရဲ့စိတ်မကောင်းစွာရင်ဖွင့်ရေးသားချက်

ကျောင်းမနေရ စာမသင်ရမှာမပူနဲ့ သားသား
ကိုကိုနဲ့ကကြီးခကွေး ၀‌လုံးရေးကြမယ်လေ။
တခြားကလေးတွေလို Private Schoolမှာ
ကျောင်းထားစာသင်မပေးနိုင်တာ ခွင့်လွှတ်ပါကွာ။

မဆော့ရ၊မကစားရမှာမပူနဲ့ သားသား
ကိုကိုနဲ့တူတူ PT ပြေးကြမယ်လေ။
တခြားကလေးတွေ ကစားကွင်းဆော့နေတဲ့အချိန်သားသားကို ကိုကိုပန်းခြံလေးတောင်လိုက်မပို့နိုင်တာ ခွင့်လွှတ်ပါကွာ။

စားချင်တဲ့မုန့်မစားရမှာမပူနဲ့ သားသား
ကိုကို ချိုချဉ်လေးတွေ ၀ယ်ကျွေးမယ်။
တခြားကလေးတွေ Donutစား Bubble Teaသောက်နေတဲ့အချိန်မုန့်ဆိုင်မရှိတဲ့နေရာမှာနေခိုင်းရတာ ခွင့်လွှတ်ပါကွာ။မင်းဆုံးရှုံးရတာတွေ အများကြီးပဲသားသားရေငါ တွေးမိတိုင်း ငါရင်နာလို့မဆုံးဘူး။

ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ တော်လှန်ရေးဒီတောထဲ သားသား ဘယ်လိုပျော်အောင်နေမလဲကွာ။အားတင်းထားပါ သားသားရေ…..

သားသားအပါအ၀င် ဒီစခန်းကရဲဘော်အားလုံးရဲ့စားနပ်ရိက္ခာ၊ဆေးဝါး၊လက်နက်ခဲယမ်း လိုအပ်ချက်တွေကိုအလှူခံပြီး ပြည်စုံအောင်ထားနိုင်ဖို့ကြိုးစားနေပါတယ်။

သေနတ်ကထွက်လာမယ့် ကျည်ဆံတစ်တောင့်စီတိုင်းကဒီကလေးလေးအပါအ၀င် ပြည်သူအားလုံးရဲ့တောက်ပမယ့်အနာဂတ်တွေကို ကာဆီးထားတဲ့အတားအဆီးတွေ ကျိုးပျက်ရပါ‌စေသား။ကျွန်တော့်ကိုစွန့်လွှတ်ခဲ့တဲ့ မေမေ့အပေါ်ထားတဲ့ချစ်ခြင်းတွေနဲ့ သစ္စာဆိုပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *