CDM လုပ်သွားတဲ့ တပ်ကြပ်ကြီးရဲ့မိသားစု အဖမ်းခံရ

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အကြမ်းမဖက်လှုပ်ရှားမှု (CDM) လုပ်သွားတဲ့ တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့ မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်နဲ့အတူ ယာဉ်မောင်း တပ်သားဗန်ဟွမ်တွပ် (Van Hmun Thup) တို့ဟာ အောက်တိုဘာလ ၉ ရက်နေ့က ဒေသခံ ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှာ သွားရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်ဟာ နမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ တစ်ဦးဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့မှာနေထိုင်တဲ့ တပ်ကြပ်ကြီး/စာရေးတင်လျန်ဘိခ်ရဲ့ အသက် ၆၀ အရွယ် မိခင်၊ မသန်စွမ်း ညီမနှစ်ဦးနဲ့ တူမနှစ်ဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီကလာရောက်ဖမ်းသွားခဲ့ပြီး လက်ရှိ မိသားစုနဲ့အဆက်သွယ်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့ဇနီးနဲ့ သားသမီးတွေကတော့ ရှောင်တိမ်းနေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဖလမ်းအခြေစိုက် ခမရ ၂၆၈ တပ်ရင်းကဖြစ်ပြီး ဟားခါးမှာရှိတဲ့ စစ်ဗျူဟာမှာ တွဲဖက် တာဝန်ထမ်းဆောင်ဖို့ ရောက်နေချိန်မှာပဲ တပ်ကိုစွန့်ခွာကာ ချင်းကာကွယ်ရေးတပ်ဖွဲ့များထံ ပူးပေါင်းခဲ့တာလို့ CHRO ကဆိုပါတယ်။

ထွက်ပြေးလာချိန်မှာ ဟားခါးမှာရှိတဲ့ နည်းဗျူးဟာစစ်ဆင်ရေး ကွပ်ကဲမှူဌာနချုပ် (TOC) ရဲ့ စစ်ဆင်ရေး အချက်အလက် အသေးစိတ်တွေ အပါအဝင် စစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ ယူဆောင်လာခဲ့တယ်လို့ CHRO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို စစ်ဆင်ရေး လုပ်ဆောင်ဖို့စီစဉ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့အတွင်း တင့်ကားနှစ်စီးနဲ့ စစ်သုံးယာဉ် ၄၈ စီး ဖလမ်းမြို့နယ်ကို ရောက်နေသလို စစ်ကား ၁၇၈ စီး နဲ့ တင့်ကားနှစ်စီးလည်း မင်းတပ်မြို့ကို ရောက်နေပြီလို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
– Unicode
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အကြမ်းမဖက်လှုပ်ရှားမှု (CDM) လုပ်သွားတဲ့ တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့ မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်နဲ့အတူ ယာဉ်မောင်း တပ်သားဗန်ဟွမ်တွပ် (Van Hmun Thup) တို့ဟာ အောက်တိုဘာလ ၉ ရက်နေ့က ဒေသခံ ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှာ သွားရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ်ဟာ နမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ တစ်ဦးဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့မှာနေထိုင်တဲ့ တပ်ကြပ်ကြီး/စာရေးတင်လျန်ဘိခ်ရဲ့ အသက် ၆၀ အရွယ် မိခင်၊ မသန်စွမ်း ညီမနှစ်ဦးနဲ့ တူမနှစ်ဦး စုစုပေါင်းငါးဦးကို စစ်ကောင်စီကလာရောက်ဖမ်းသွားခဲ့ပြီး လက်ရှိ မိသားစုနဲ့အဆက်သွယ်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

တပ်ကြပ်ကြီး/စာရေး တင်လျန်ဘိခ် (Tin Lian Biak) ရဲ့ဇနီးနဲ့ သားသမီးတွေကတော့ ရှောင်တိမ်းနေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ရှိသူတစ်ဦးက ကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဖလမ်းအခြေစိုက် ခမရ ၂၆၈ တပ်ရင်းကဖြစ်ပြီး ဟားခါးမှာရှိတဲ့ စစ်ဗျူဟာမှာ တွဲဖက် တာဝန်ထမ်းဆောင်ဖို့ ရောက်နေချိန်မှာပဲ တပ်ကိုစွန့်ခွာကာ ချင်းကာကွယ်ရေးတပ်ဖွဲ့များထံ ပူးပေါင်းခဲ့တာလို့ CHRO ကဆိုပါတယ်။

ထွက်ပြေးလာချိန်မှာ ဟားခါးမှာရှိတဲ့ နည်းဗျူးဟာစစ်ဆင်ရေး ကွပ်ကဲမှူဌာနချုပ် (TOC) ရဲ့ စစ်ဆင်ရေး အချက်အလက် အသေးစိတ်တွေ အပါအဝင် စစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ ယူဆောင်လာခဲ့တယ်လို့ CHRO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို စစ်ဆင်ရေး လုပ်ဆောင်ဖို့စီစဉ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့အတွင်း တင့်ကားနှစ်စီးနဲ့ စစ်သုံးယာဉ် ၄၈ စီး ဖလမ်းမြို့နယ်ကို ရောက်နေသလို စစ်ကား ၁၇၈ စီး နဲ့ တင့်ကားနှစ်စီးလည်း မင်းတပ်မြို့ကို ရောက်နေပြီလို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *