ကိုဝေမိုးနိူင်ရဲ့အမှုလိုက်ရှေ့နေလုပ်ကြံခံရပြီးကွယ်လွန်

မုံရွာမှာ ဒီနှစ် ဧပြီ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုတွေကို တွဲဘက် ကူညီလုပ်ကိုင်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ကိုဇင်မင်းထွန်းဟာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က အသတ်ခံလိုက်ရတယ်လို့ မုံရွာရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

မောင်းခမ်းကျောင်းလမ်းနေ အသက် ၄၂ နှစ်အရွယ် တရားလွှတ်တော် ဦးဇင်မင်းထွန်း ဆိုသူဟာ ဒီကနေ့ ညနေ ၃ နာရီ ဝန်းကျင်က သူ့ရဲ့အိမ်နီးနားချင်းဖြစ်သူရဲ့ နေအိမ်ရှေ့ ခုံတန်းလျားမှာ ထိုင်နေတဲ့အချိန် အမည်မသိ လူ ၃ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရှေ့နေ ဦးဇင်မင်းထွန်းကို သတ်သွားခဲ့တာဖြစ်ပါတယ်။

” ကိုဇင်မင်းထွန်းက ရိုးသားပြီး အနေအေးတယ် ၊ မိသားစု စားဝတ်နေရေး အတွက် ရိုးသားစွာနဲ့ ရှာဖွေရပ်တည်တယ် ၊ အရင်က ရေယာဥ်ဂိတ်တွေမှာ ဆိုင်ကယ် တက္ကစီလိုက်တာတောင်ရှိတယ် ၊ အခု သူ့ဆရာ(တရားလွှတ်တော် ရှေ့နေကြီး)နဲ့ တွဲဘက်ပြီး မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးနေတာ ” လို့ မုံရွာရှေ့နေ အသိုင်းအဝိုငး တရားလွှတ်တော် ရှေ့နေ တစ်ယောက်က ပြောပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *