အနုပညာရှင်များအခက်အခဲတစ်စုံတစ်ရာရှိပါကကူညီပေးမည်လို့ စစ်ကောင်စီခန့်အပ်ထားသည့် ရန်ကုန်တိုင်းဝန်ကြီးဆို

စစ်အာဏာသိမ်းပြီးနောက် ခန့်အပ်ခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက အနုပညာရှင်တွေ အခက်အခဲရှိရင် ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

မနေ့နေ့လည်ပိုင်းမှာ သတင်းနဲ့ မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့က တာဝန်ရှိသူတွေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေနဲ့ တွေ့ဆုံချိန်မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အနုပညာရှင်တွေအနေနဲ့ အခက်အခဲတွေရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အနုပညာရှင်တွေ ပါဝင်ဆောင်ရွက်ကြမယ့် ပွဲလမ်းသဘင်တွေ ကျင်းပနိုင်ရေးအတွက် ပွဲမိန့်မှစပြီး ခွင့်ပြုဆောင်ရွက် ပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါသေးတယ်။

အနုပညာရှင်တွေရဲ့ အခက်အခဲတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းအားဖြစ် အနုပညာရှင်တွေအနေနဲ့ အနုပညာစွမ်းအားကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပြီး အများပြည်သူအတွက် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုပေးစွမ်းနိုင်မည်ဖြစ်တယ်လို့ ဦးလှစိုးကပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကို မကြာခင်ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး အနုပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက စက်တင်ဘာ(၁၁)နေ့မှာ ပြောဆိုခဲ့ပါသေးတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *