လာဘ်စားမှု့နဲ့ အမှု့ ရင်ဆိုင်နေ​​ရတဲ့ ဂျပန်ဝန်ကြီးမျိုးကို အခြားနိုင်ငံက တွေ့ခွင့်တောင်းရင် ပေးတွေ့မှာလားလို့ ဂျပန်သတင်းသမားကို ဇော်မင်းထွန်း မေးခွန်းထုတ်

လာဘ်စားမှု့နဲ့ အမှု့ ရင်ဆိုင်နေ​​ရတဲ့ ဂျပန်ဝန်ကြီးမျိုးကို အခြားနိုင်ငံက တွေ့ခွင့်တောင်းရင် ပေးတွေ့မှာလားလို့ ဂျပန်သတင်းသမားကို ဇော်မင်းထွန်း(ခေါ် )မဲလုံးက မေးခွန်းထုတ်ခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်မှာ လာဘ်စားမှု့နဲ့ အမှု့ရင်ဆိုင်နေရတဲ့ ဝန်ကြီး (သို့မဟုတ်) လွှတ်တော်အမတ်မျိုးကို အခြားနိုင်ငံက တွေ့ခွင့်တောင်းရင် ဂျပန်အစိုးရက တွေ့ခွင့်ပေးပါမှာလားလို့ ဂျပန်မီဒီယာသမားကို ဇော်မင်းထွန်းက ပြန်လည်မေးခွန်းထုတ်လာပါတယ်။

ပြီးခဲ့တဲ့ ေအာက်တိုဘာ ၈ရက် သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သတင်းစာ မိနီချိ ရှီဘန် ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရဝင် ယူစွပ်ကို ဘာကြောင့်တွေ့ခွင့်မပေးနိုင်တာလဲ ဆိုတဲ့ မေးခွန်းကို ဇော်မင်းထွန်းက ပြန်လှန် မေးခွန်းမေးခဲ့တာဖြစ်ပါသည်။

“အမေးနဲ့ပဲ ပြောလိုပါတယ်။ ဂျပန်မှ ဝန်ကြီး သို့ လွှတ်တော်အမတ်ကို အမှု့တစ်ခုခုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အခြားနိုင်ငံတစ်ခုက တွေ့ခွင့်တောင်းရင် ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလိုပါတယ်” ဟု ဇော်မင်းထွန်းက ဖြေဆိုခဲ့တာပါ။

လက်ရှိအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်က SAC က တရားစွဲဆိုထားတဲ့ အမှု့တွေကို ရင်ဆိုင်နေရတာဖြစ်ပါသည်။

အာဆီယံအထူးကိုယ်စားလှယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပေမယ့်လည်း SAC က တွေ့ခွင့် မပေးနိုင်ဘူးလို့ ငြင်းဆိုထားတာဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *