စစ်ကောင်စီအပေါ်ICC၏ တရားစီရင်မှုကို NUGအနေဖြင့်လက်ခံကြောင်း သံမတ်ကြီးပြော

အရေးယူခံရခြင်းမှ ကင်းလွတ်နေသည့် မြန်မာစစ်တပ်အပေါ် ICC ၏ တရားစီရင်မှုကို NUG အနေဖြင့် လက်ခံကြောင်း ဦးကျော်မိုးထွန်း ပြောကြား

အရေးယူခံရခြင်းမှ ကင်းလွတ်‌နေသည့် မြန်မာစစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများကို တာဝန်ခံမှုနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံကြောင်းနှင့် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား အပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက‌ပြောသည် ။

ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်ရှိ ညှင်းပန်းနှိပ်စက်မှု၊ လူသားမဆန့်သည့် ရက်စက်ကြမ်းကြုတ်မှု ကိစ္စများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှု Virtual အစည်းအဝေး၌ ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည် ။

မြန်မာစစ်တပ်သည် ၎င်း ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အရေးယူခံရခြင်းမှကင်းလွတ်လျက် ကျူးလွန်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ကာ အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မတရား ဖမ်းဆီးခံရသူ (၈,၇၀၀) ဦး ကျော်နှင့် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁,၁၀၀) ဦး ခန့် ရှိပြီဖြစ်ကြောင်း၊ (၈) လတာ ကာလအတွင်း စစ်တပ်မှ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး (၁၅၀) ဦးရှိပြီး၊ ဖမ်းဆီးရန်ကြိုးပမ်းစဉ် သေဆုံးမှု များစွာလည်းရှိကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

” မြန်မာစစ်တပ်မှ ကျူးလွန်သည့် ညှင်းပန်း နှိပ် စက်မှုနှင့် လူသားမဆန်သော ဆောင်ရွက်ချက် များတွင် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်ခြင်း၊ အစားအစာနှင့် ရေဖြတ်တောက်ခြင်း၊ ဆေးကုသခွင့် မပေးခြင်းတို့အပြင် အခြားဆောင်ရွက်ချက်များစွာ ပါဝင်ကြောင်း” ၎င်းက အစည်းအဝေး၌ ပြောကြားခဲ့သည်။

မြန်မာစစ်တပ်၏ ကျူးလွန်မှုများနှင့် ဆက်စပ်၍ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံပြီး သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ မြန်မာစစ်တပ်၏ ညှင်းပန်း နှိပ်စက်မှုများချက်ချင်း အဆုံးသတ်ရေးနှင့် စစ်တပ်အား တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ အရေးယူဆောင်ရွက်နိုင်ရေး ကိစ္စနှင့် ညှင်းပန်းနှိပ်စက်ခံရသူများအား ကုစားပေးရေးတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အနေဖြင့် ပံ့ပိုးနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ အစည်းအဝေး၌ ဆွေးနွေး‌ပြောကြားခဲ့သည်။
Burma Associated Press

zawgyi/

ref; Burma Associated Press

Leave a Reply

Your email address will not be published. Required fields are marked *