အခက်အခဲဖြစ်နေသည့်ပြည်သူ (၉၅)ရာခိုင်နူန်းကို NUG အစိုးရထောက်ပံနိူင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးပြော

အာဏာသိမ်းစစ်တပ်ရဲ့ ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူ (၉၅) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးပြော

အာဏာသိမ်းစစ်တပ်ရဲ့ ဘေးဒုက္ခစားနေရတဲ့ ပြည်သူ (၉၅) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အစိုးရက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့မှာပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကို ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု လက်ရှိ အချိန်ထိ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးခဲ့တဲ့ ပမာဏက ၁.၅ ဘီလီယံကျော် ရှိသွားဖြစ်ပါတယ်။

မြန်မာပြည်ဟာ မုန်တိုင်း၊ ရေကြီး၊ ငလျင်စတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ တောက်လျှောက် ရင်ဆိုင်လာခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကိုဗစ် ကပ်ဘေးအပြင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။

“စစ်တပ်သာ အာဏာသာ မသိမ်းခဲ့ရင် ဒီ ၁.၄၅ ဘီလီယံဟာ မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် တည်ဆောက်မယ့်နေရာမှာ အထောက်အပံ့ ဖြစ်စေနိုင်မယ့် ပမာဏပါ။ ဒါက အာဏာသိမ်းမှုဟာ ဘေးအန္တရာယ်လျှော့ချရေးမှာ ဘယ်လို ထိခိုက်သွားစေလဲဆိုတဲ့ ဥပမာတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။” ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် နေရပ်စွန့်ခွာရသူတွေလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကို ကြုံတွေ့နေရတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ဘေးဒဏ်ကို ပိုမို ခံစားနေကြရပြီး လူသားချင်းစာနာမှု အကူအညီ အများအပြားလိုအပ်နေပါတယ်။

“အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ တိုင်းရင်းသား ပြည်သူတွေ ဒီစစ်ဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေ လျော့နည်းပပျောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒေသအသီးသီးက စစ်ဘေးရှောင် ပြည်သူတွေအတွက် စိတ်အား လူအား နှစ်ခုလုံးနဲ့ စာနာထောက်ထား အားပေးကူညီတာတွေ ပြုလုပ်နေပြီး အခြားတစ်ဖက်မှာလည်း စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ကြိုးပမ်းနေတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောပါတယ်။

Zawgyi

အာဏာသိမ်းစစ်တပ်ရဲ့ ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူ (၉၅) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အစိုးရ ပြည်ထောင်စု၀န်ကြီးပြော

အာဏာသိမ်းစစ်တပ်ရဲ့ ဘေးဒုက္ခစားနေရတဲ့ ပြည်သူ (၉၅) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUG အစိုးရက ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက ဒီနေ့မှာပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကို ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု လက်ရှိ အချိန်ထိ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးခဲ့တဲ့ ပမာဏက ၁.၅ ဘီလီယံကျော် ရှိသွားဖြစ်ပါတယ်။

မြန်မာပြည်ဟာ မုန်တိုင်း၊ ရေကြီး၊ ငလျင်စတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ တောက်လျှောက် ရင်ဆိုင်လာခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကိုဗစ် ကပ်ဘေးအပြင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။

“စစ်တပ်သာ အာဏာသာ မသိမ်းခဲ့ရင် ဒီ ၁.၄၅ ဘီလီယံဟာ မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် တည်ဆောက်မယ့်နေရာမှာ အထောက်အပံ့ ဖြစ်စေနိုင်မယ့် ပမာဏပါ။ ဒါက အာဏာသိမ်းမှုဟာ ဘေးအန္တရာယ်လျှော့ချရေးမှာ ဘယ်လို ထိခိုက်သွားစေလဲဆိုတဲ့ ဥပမာတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။” ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် နေရပ်စွန့်ခွာရသူတွေလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကို ကြုံတွေ့နေရတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ဘေးဒဏ်ကို ပိုမို ခံစားနေကြရပြီး လူသားချင်းစာနာမှု အကူအညီ အများအပြားလိုအပ်နေပါတယ်။

“အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ တိုင်းရင်းသား ပြည်သူတွေ ဒီစစ်ဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေ လျော့နည်းပပျောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒေသအသီးသီးက စစ်ဘေးရှောင် ပြည်သူတွေအတွက် စိတ်အား လူအား နှစ်ခုလုံးနဲ့ စာနာထောက်ထား အားပေးကူညီတာတွေ ပြုလုပ်နေပြီး အခြားတစ်ဖက်မှာလည်း စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ကြိုးပမ်းနေတယ်” လို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *