မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပုံမှန်ပြန်ဖြစ်နေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိအောင်ဆောင်ရွက်နေတယ်လို့ ဦးဝဏ္ဏမောင်လွင် ပြော

ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ကို ဦးစားပေးဆောင်ရွက်နေကာ မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းကို တည့်မတ်စွာရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

မနေ့က အောက်တိုဘာ(၁၁)ရက်နေ့မှာ ဆားဘီးယားနိုင်ငံမှာကျင်းပတဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ် (၆၀)ပြည့်အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်နေတဲ့ အချိန်မှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု၊ နားလည်မှုနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်မျှော်လင့်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *