ကျန်းမာရေးအရနှစ်ပတ်တစ်ကြိမ်ကြားနာစစ်ဆေးပေးရန် ဒေါ်အောင်ဆန်းစုကြည်လျှောက်ထားမှု တရားရုံးလက်မခံ

သဘာဝဘေးပုဒ်မ ၂၅ နဲ့ အမှုကို စွဲချက်တင်ကြောင်းအမိန့်ချ။ ကျန်းမာရေး အခြေအနေကြောင့် ကြားနာစစ်ဆေးမှုတွေကို တစ်ပတ်ခြားတစ်ခါ( နှစ်ပတ်တစ်ကြိမ်) စစ်ဆေးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့တဲ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားသူကြီးထံကို စာတင်ပြတောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ တစ်ပတ်တစ်ခါသာစစ်ဆေးမယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၁ရက် နေပြည်တော် အထူးတရားရုံး ကကြားနာစစ်ဆေးမှုမှာ တရားသူကြီးက အမိန့်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုတွေ အတွက်လည်း အမှုကို စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချခဲ့တယ်လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲဒီပုဒ်မနဲ့ စွဲချက်တင်၊ မတင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကသူတို့မှာ အပြစ်မရှိကြောင်း ဒီကနေ့မှာလည်း ထပ်မံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *