စစ်ဘေးဒဏ်ပြည်သူများအတွက် Campaign တစ်ခုအတူပါဝင်ကြဖို့ အိပန်ဆယ်လိုတောင်းဆို

စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် စာနာမှုကို ပြသတဲ့ Campaign လေးတစ်ခု လာမယ့်(၁၃)ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။ NUGရဲ့ လူသားချင်းစာနာရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်မယ့် Campaign ပါ။

အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။ အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ ကမ်ပိန်းတစ်ခုကို အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ လုပ်ချင်ပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ် တင်၊ တော်လှန်ရေး သင်္ကေတ လက်၃ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာထောက်ထား အားပေး ကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ်သက်ရာ caption နဲ့ #OnlyTogether #DRRDay2021Myanmar
#StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားလေးတွေကို တွဲတင်ပေးပြီး ဒီကမ်ပိန်းမှာ အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *