ပြည်သူများပါတဲ့ အုပ်ချုပ်မှု့စနစ်ဖြစ်‌ရန် အုပ်ချုပ်ရေးပိုင်ဆိုင်ရာတာဝန်ရှိသူများကသာ ကျောသားရင်သားမခွဲခြားရန်လိုသည်ဟု မင်းအောင်လှိုင်ပြောကြား

ပြည်သူများပါတဲ့ အုပ်ချုပ်မှုစနစ်ဖြစ်ရန် အုပ်ချုပ်ရေးပိုင်ဆိုင်ရာတာဝန်ရှိသူများ ကျောသားရင်သားမခွဲခြားရန်လိုသည်ဟုစစ်‌ေကာင်စီမှဆိုပါသည်။

နိုင်ငံတစ်နိုင်ငံဖွင့်ဖြိုးတိုးတက်ရန် အစိုးနှင့်ပြည်သူ တစ်သားထဲရှိရန်လိုအပ်သည့်အတွက် ပြည်သူများပါသော အုပ်ချုပ်ရေးစနစ်ဖြစ်လာစေရန် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများမှ ကျောသား ရင်သားမခွဲခြားပဲ ဆောင်ရွက်ကြရန်လိုသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် အိမ်စောင့်အစိုးရဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာသူရစည်သူ အဂ္ဂမဟာသီရိသူဓမ္မ အဂ္ဂမဟာ သီဟသူရစည်သူ သောင်းကျန်းသူ စစ်ခေါင်းဆောင်ကြီ းမင်းအောင်လှိုင်မှပြောကြားခဲ့ပါသည်။

ဒါ့ပြင် “ပြည်သူ့လုံခြုံရေး ဆောင်ရွက်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ပြည်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်။ လုံခြုံရေးကို တိုက်ရိုက်တာဝန်ယူရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေနဲ့ ပေါ့ပေါ့ဆဆ ဆောင်ရွက်ခြင်းမရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ဖို့လိုပြီး သတိဖြင့်တာဝန် ထမ်းဆောင်ဖို့ လိုပါတယ်”ဟု ထပ်မံပြောကြားခဲ့ပါသည်။

ယင်းအပြင် ပြစ်မှု့ကျူးလွန်မှု့များ မဖြစ်ပေါ်စေရေးအတွက် သွားလာမှု့လွယ်ကူရေး ဆောင်ရွက်ပေးဖို့နဲ့ လိုအပ်တဲ့ ရဲစခန်းများနဲ့ မီးသတ်စခန်းများ တည်ဆောက်ပေးဖို့ လိုအပ်တယ်ဟုဆိုကာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထိခိုက်အောင် ဆောင်ရွက်သူများကိုလည်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့လိုတယ်ဟု အောက်တိုဘာလ (၁၀)ရက်နေ့တွင် ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းအစိုးရရုံးတွင်ပြုလုပ်သော အစည်းအဝေးတစ်ရပ်မှာပြောကြားသွားခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *