ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုများ စွဲချက် တင်သင့် မတင်သင့် ယနေ့ ဆုံးဖြတ်တော့မည်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ စပ်လျဉ်းပြီး ယနေ့ ရုံးချိန်းမှာ စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်သွားရန်ရှိတယ်လို့ ရှေ့နေအဖွဲ့ထံမှ သိရပါတယ်။

ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့ တနင်္လာနေ့မှာ အပတ်စဉ်ရုံးချိန်းအဖြစ် နေပြည်တော် အထူးတရားရုံးမှာ ကြားနာစစ်ဆေးသွားရန်ရှိပြီး အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့်ကို ဆုံးဖြတ်သွားရန်ရှိတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ရှိနေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စကား ပြောစက်များနဲ့ ဂျမ်မာများ တွေ့ရှိခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ပထမဦးဆုံး စွဲဆိုခံထားရသည့်အမှုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစကားပြောစက်များနဲ့ ဂျမ်မာများကို နေအိမ်အတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်း မဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များဆီက သိမ်းဆည်းယူသည့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သက်သေတင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။

zawgyi

Leave a Reply

Your email address will not be published. Required fields are marked *