ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တွင် စစ်ကောင်စီက ပြည်သူများကို ဖိနပ်မစီးလျှင် ငွေ ၃ ထောင် ဒဏ်ရိုက်‌ေန

Unicode:

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဖိနပ်မစီးသည့် ပြည်သူများဆီက ဒဏ်ငွေ (၃၀၀၀)ထောင်ကျပ် တောင်းယူနေကြောင်း မအူပင်မြို့ခံတဦးက ပြောပါသည်။

“တစ်ခါမှလည်း မကြုံဘူးတာတွေ ကြုံနေရပြီဗျာ။ ဟုတ်ပါတယ် မနက်က ကျွန်တော်ကိုယ်တိုင် ဒဏ်အရိုက်ခံလိုက်ရတာပါ ကျွန်တော်ကို စစ်သားတစ်ယောက်က လှမ်းခေါ် တယ် ပြီးတော့ ဖိနပ်မစီးလို့ဆိုပြီး ဒဏ်ငွေ (၃၀၀၀)ရိုက်တယ် ဆိုင်ကယ် ဖမ်း စက်ဘီး ဖမ်းယုံတင်မဟုတ်တော့ဘူး အခုလမ်းလျှောက်လို့ ဖိနပ်မစီး ရင်တောင် ဒဏ်ငွေ ရိုက်တာ တချို့ဆို ကုန်ထမ်းတဲ့အလုပ်လုပ်နေကြတာလေ ကုန်ထမ်းတဲ့အချိန် ဖိနပ် စီးထားရတာမလွယ်လို့ ဖိနပ်ချွတ်ပြီး ကုန်ထမ်းတာ အဲဒါလည်းမရဘူး ခေါ်ပြီးဒဏ်ငွေ ရိုက်တာပဲ ဟုဒဏ်ငွေပေးဆောင်ရသူ တစ္ဦးက ပြောပါသည်။

မအူပင်မြို့အတွင်း ဈေးဝယ်ထွက်သူများ ဈေးရောင်းထွက်သူများနှင့် ကုန်ထမ်းနေသည့် ပြည်သူများကိုလည်ဖိနပ် မစီးလျှင် ဒဏ်ငွေ (၃၀၀၀)ထောင်းပေးနေရတာကြောင့် ကုန်ထမ်းနေသူတွေအဖို့ အတော်လေး စိတ်ညစ်နေရပြီ ဟု ၎င်းးကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဖိနပ်မစီးသူများကို ဖမ်းဆီး ခေါ်ဆောင် ဒဏ်ငွေ ရိုက်နေသည်မှာ အောက်တိုဘာလ ၈ရက်နေ့ကစတင်းပြီး ယနေ့အချိန်ထိ ၃ ရက်္မြောက်ရှိနေပြီဖြစ်ကြောင်း မြို့ခံများကပြောသည်။

မအူပင်မြို့ တွင် စစ်ကောင်စီတပ်များကအကြောင်းအမျိုးမျိုး ပြ ဖမ်းဆီးမှု့တွေ အဆက်္မပြတ်ပြုလုပ်နေတာကြောင့် မအူပင်မြို့ဟာ အပြင်မထွက်ကြပဲ မြို့ပျက်ကြီး တစ်ခုလို ဖြစ်နေကြောင်း မအူပင်မြို့ဒေသခံများက ဆိုပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *