Unicode:
NUG အစိုးရအဖွဲ့ကို မထောက်ခံဖို့ ပြည်ပနိုင်ငံအစိုးရတွေကို စစ်ကောင်စီ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်လို့ စိစစ်အတည်ပြုနိုင်ခြင်းမရှိတဲ့ သတင်းအရင်းအမြစ်တွေ၊ အစိုးရဆန့်ကျင်သူတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဆီက ရတဲ့ စွပ်စွဲချက်တွေ၊ သတင်းအချက်အလက်တွေကို အခြေခံပြီး ဝေဖန်ချက်တွေ၊ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့ အဲဒီကြေညာချက်္မှာ ဖော်ပြထားပါသည်။
(CRPH)၊ (NUG) နဲ့ လက်အောက်ခံအဖွဲ့တွေကို ဆက်သွယ်တာ၊ သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာတွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင် ပြည်တွင်းရေးကို ဝင်စွက်ရာလည်း ရောက်တယ်လို့ အဲဒီကြေညာချက်္မှာ ဖော်ပြထားပါသည်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံနဲ့အတူ လက်တွဲတိုက်ဖျက်သွားဖို့ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်္မှာ ဖော်ပြထားပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကမ္ဘာ့နိုင်ငံတချို့က အသိအမှတ်ပြုလက်ခံမှုတွေ ရှိလာနေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG နဲ့ CRPH တို့ကို ထောက်ခံကြောင်း ဥရောပပါလီမန်မှာ အတည်ပြုခဲ့သလို ပြင်သစ် ဆီးနိတ်လွှတ်တော်ကလည်း NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။
Zawgyicode: