အုန်းပင်များသည် သဘာဝဘေးဒဏ်ကို ကာကွယ်နိုင်သည့်အတွက် ဒေသခံပြည်သူလူထုကို အုန်းပင်စိုက်ပျိုးဖို့ အသိပေးပညာပေးရန် မင်းအောင်လှိုင်ပြောကြား

အုန်းဆီ၊ အုန်းမီးသွေး၊ အုန်းဆံတုံးစသည့် အုန်းနှင့် အုန်းထွက်ပစ္စည်းများသည် နေ့စဉ်အသုံးအ ဆောင်များတွင်မရှိမဖြစ်ပါဝင်နေပြီး ဈေးကွက်ခိုင်မာခြင်း၊ ကမ်းရိုးတန်းဒေသများတွင်အုန်းပင်စိုက်ပျိုးထားရှိပါက သဘာဝဘေးအန္တရာယ်ကို အကာအကွယ်ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံများကိုလည်း အုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အသိပညာပေးတိုက်တွန်းကြရမည်ဖြစ်ကြောင်မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်သို့ အောက်တိုဘာလ (၆) ရက်ကသွားရောက်စဉ်ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market နှင့် Target ကို သိရှိရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန်လို ကြောင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစားတွက် ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက်စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ်ချက်ကို သိရှိအောင်လုပ်ဆောင်ပြီး စဉ်းစားတွက်ချက်လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ် ကုန်များမှ ပိုလျှံသည်များကို လေလွင့်မှုမဖြစ်ပေါ်စေရေး ရေရှည်ထားရှိအသုံးပြုနိုင်သည့် အခြောက်ခံ ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း ယင်းကပြောပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *