သေဆုံး၊ အကျယ်ချုပ်ဖြင့်စစ်ဆေးခံနေရသူ ဟု သတင်းကြီးသူ နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တာဝန်ထမ်းဆောင်နေကြောင်း မြဝတီရုပ်သံ ပွဲထုတ်ပြသ

စစ်ကိုင်းတိုင်းအတွင်း ကိုင်တွယ်ပုံညံ့ဖျင်းသည်ဟုဆိုကာ ဖမ်းဆီးပြီးအကျယ်ချုပ် ချထားစဥ် စစ်ဆေးမေးမြန်းမှုကြောင့် သေဆုံးသွားပြီဟု သတင်းကြီးနေသူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တာဝန်ထမ်းဆောင်နေဆဲ သတင်းအား စစ်တပ်ပိုင် မြဝတီရုပ်သံက ယနေ့ညတွင် ထုတ်လွှင့်ခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများအား စားသောက်ဖွယ်ရာများကို စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် က ပေးအပ်ခဲ့သည့် သတင်းအားထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သည့် ပုဂ္ဂလိကမီဒီယာများတွင် ဗိုလ်မှူးချုပ်ဖြိုးသန့် သတင်းကို သတင်းကြီးများအဖြင့် ဖော်ပြကြသော်လည်း စစ်တပ်ပိုင် မြဝတီရုပ်သံက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတင်းများနောက်တွင် ၁ မိနစ်ကျော် ရုပ်သံသတင်းဖြင့်ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြဝတီရုပ်သံမှ ထုတ်လွှင့်သည့် ရုပ်သံများအရ ခင်ဦးမြို့နယ်အတွင်း စားသောက်ဖွယ်ရာများပေးအပ်သည်ဆိုသည့် သတင်းတွင် အောက်တိုဘာ ၆ ရက်ဟု ရုပ်သံများတွင် တွေ့ရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *