တရုတ်အစိုးရသတိပေးနေတဲ့ကြားက ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တိုင်ဝမ်ကိုရောက်ရှိလာ

Unicode:

တိုင်ဝမ်ခရီးစဉ်ကိုဖျက်သိမ်းဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်သတိပေးနေပေမယ့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်း အထက်လွှတ်တော်အမတ် Alain Richard ဦးဆောင်တဲ့ ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ တိုင်ဝမ်ကိုရောက်ရှိလာပါသည်။

ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ညပိုင်းမှာ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ ရန်စမှုတွေအပေါ် ဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။ တိုင်ဝမ်လေပိုင်နက်အနီးကို တရုတ်စစ်လေယာဉ်တွေနေ့စဉ်အင်းအားပြ ခြိမ်းခြောက်နေချိန်မှာ ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာတဲ့အပေါ် အားရဝမ်းသာမိကြောင်း တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Wu က ပြောပါသည်။

တိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း အခုလို ခြိမ်းခြောက်ခံနေရချိန်မှာ လာရောက်လည်ပတ်တဲ့ ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေကို ဝမ်းမြောက်စွာကြိုဆိုကြောင်း ပြောပါတယ်။ ပြင်သစ်-တိုင်ဝမ်ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း တိုင်ဝမ်သမ္မတ Tsai Ing-wen ကပြောပါသည်။

ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်မဖျက်သိမ်းရင်၂ နိုင်ငံဆက်ဆံရေးထိခိုက်မယ်လို့ တရုတ်အစိုးရကသတိပေးခဲ့သလို တိုင်ဝမ်လေပိုင်နက်အနီးမှာ စစ်လေယာဉ်တွေနဲ့နေ့စဉ်အင်အားပြနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်အစိုးရကရော လွှတ်တော်ကိုယ်စားလှယ်တွေကပါ တရုတ်ရဲ့ သတိပေးမှုကို ထဲ့သွင်းမစဉ်းစားပဲ စီစဉ်ထားတဲ့အတိုင်း တိုင်ဝမ်ကို ဒီကနေ့ရောက်လာတာပဲဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *