ကမာရွတ်၊ ပြည်လမ်းမပေါ်ရှိ ပထမဆုံးမြေအောက်လမ်းကူးဥမင် ဖွင့်ပွဲအား မင်းအောင်လှိုင်တက်္မည်ဖြစ်

ကမာရွတ်၊ ပြည်လမ်းမပေါ်ရှိ ပထမဆုံးမြေအောက်လမ်းကူးဥမင် ဖွင့်ပွဲ မင်းအောင်လှိုင်တက်္မည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ မြေအောက်လမ်းကူးဥမင် (underpass) ဖွင့်ပွဲသို့ မင်းအောင်လှိုင် တက်ရောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

ထိုဖွင့်ပွဲကို အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်မည်ဟု လတ်တလောသိရှိရပြီး နံနက် ၈ နာရီ ၁၅ မိနစ်တွင် သောင်းကျန်းသူစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်မည်ဟု သတင်းရင်းမြစ်က ဆိုပါသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့မနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ရေတပ်ဌာနချုပ်ဝင်းအတွင်းသို့ သွားရောက်၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ ဖွဲစည်းခြင်းနှင့် ရေယာဉ်များတပ်တောင်ဝင်အခမ်းအနား တက်ရောက်ခြင်းအပြင် ကျောက်တန်းမြို့နယ်၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ MRTV၏ ထုတ်ပြန်ချက်္မှသိရှိရသည်။ မနက်ဖြန်တွင်လည်း ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ မြေအောက်လမ်းကူးဥမင် (underpass) ဖွင့်ပွဲနှင့် သန်လျှက်စွန်းရှိ ရေတပ်စခန်းဌာနချုပ်ကိုလည်း လာရောက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။

ဒီကနေ့ မနက်ပိုင်းတွင်လည်း ရန်ကုန်မြို့ရှိမြို့နယ်အတော်များများတွင် Dc များအပြင် စစ်ရဟတ်ယာဥ်များဖြင့်ပါ လုံခြုံရေးအပြည့်ယူလျက် ဖြတ်သန်းခြင်းများရှိခဲ့သည်။ ကမာရွတ်မြို့နယ်တွင်လည်း ယနေ့ည ၈နာရီကတည်းကပင် ၁၀ရပ်ကွက်၊ ဥယျာဥ်လမ်းထိပ်မှ အ.ထ.က (၂)ကမာရွတ်ကျောင်းနားအထိ အင်းယားလမ်းမတကြောကို လမ်းများပိတ်ထားကြောင်းနှင့် မင်းအောင်လှိုင်သည် ကမာရွတ်မြို့နယ်ရှိ နေအိမ်တွင် ရောက်ရှိနေကြောင်းလည်း ကြားသိရသည်။ အကယ်၍ မနက်ဖြန်ဖွင့်ပွဲသို့ တက်ရောက်ပါက ပြည်လမ်း Junction Square ဝန်းကျင်နှင့် လှည်းတန်း-စမ်းချောင်း-မြေနီကုန်းတဝိုက်တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားနိုင်ပါသဖြင့် ထိုနေရာများမှ ရှောင်ရှား၍ သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

ဓာတ်ပုံ – ဇွန်လတွင်း ဥမင်အတွင်းပိုင်း ဆောက်လုပ်ပြီးစီးမှု့အနေအထား

Leave a Reply

Your email address will not be published. Required fields are marked *