SAC ဆက်အုပ်ချုပ်နေပါက ကျပ်ငွေတန်ဖိုး ပြန်တက်လာမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးပြောကြား

Unicode:

SAC အနေနဲ့ မြန်မာမြေပေါ်က မပျောက်ကွယ်သမျှ ကာလပတ်လုံး ကျပ်ငွေတန်ဖိုးပြန်တက်လာမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောပါသည်။

SAC ဟာ ရောဂါရဲ့ဇစ်မြစ်ကိုမကုနိုင်ဘဲ ဆေးမြီးတိုမျိုးစုံနဲ့သာကုနေပြီး အဲဒီလိုကုနေသမျှ ကျပ်ငွေတန်ဖိုးတင်မက အစစအရာရာပြန်ကောင်းလာစရာမရှိဘူးလို့လည်းဝန်ကြီးကပြောပါသည်။

“ဒီဟာတွေအားလုံးရဲ့ လက်သည်တရားခံဟာ SAC သာဖြစ်တယ်။သူတို့ရဲ့စီမံခန့်ခွဲမှုအလွဲအမှားတွေ၊ ပြည်သူရဲ့ထောက်ခံမှုမရတာတွေ၊ ပြည်သူတွေကသူတို့အပေါ်နာကျည်းတာ၊ မယုံကြည်တာတွေကြောင့်မို့ ဒီပြဿနာတွေဟာ တနွယ်ငင် တစ်စင်ပါလာတာဖြစ်တယ်”လို့ ဦးတင်ထွန်းနိုင်ကပြောပါသည်။

SAC အာဏာရယူစဥ်ကစပြီး စီးပွားရေးကျဆင်းတာအပါအဝင် ဆုတ်ယုတ်သမျှအားလုံးကို တော်လှန်ရေးအောင်မြင်တာနဲ့ အစကနေပြန်တည်ဆောက်နိုင်မယ်လို့ယုံကြည်ကြောင်းလည်း သူကဆိုပါသည်။

‘တော်လှန်ရေးအောင်မြင်တာနဲ့ ဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်တယ်။အခိုင်အမာလည်းယုံကြည်တယ်’ လို့ ဦးတင်ထွန်းနိုင်ကဆက်ပြောပါသည်။

မြန်မာကျပ်ငွေတန်ဖိုးထိုးကျသွားတာဟာ SACကို ပြည်သူက အယုံအကြည်ကင်းမဲ့တာ ၊ဗဟိုဘဏ်ကို အယုံအကြည်ကင်းမဲ့တာနဲ့ SAC ရဲ့ ယန္တယားတစ်ခုလုံးအပေါ် အယုံအကြည်ကင်းမဲ့သွားတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါသည်။

‘ဗဟိုဘဏ်ရဲ့စီမံခန့်ခွဲမှုအလွဲကြောင့်မို့ ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေအပ်နှံထားတဲ့ ပိုက်ဆံတွေကိုလည်း ပြည်သူကပြန်ထုတ်ချင်ကြတယ်။ ယုံကြည်မှု့မဲ့သွားတယ်’ လို့လည်းသူကဆိုပါသည်။

SACဟာ သူတို့အာဏာသက်ဆိုးရှည်ဖို့အတွက် ပုံမှန်အစိုးရတွေလုပ်လေ့လုပ်ထမရှိတဲ့ ငွေစက္ကူတွေကို အများအပြားရိုက်နှိပ်ထုတ်ဝေတာကြောင့် ငွေတန်ဖိုးဟာကျသထက်ကျလာတယ်လို့ သိရပါသည်။

အမေရိကန်ဒေါ်လာဈေးဟာ စက်တင်ဘာနောက်ဆုံးပတ်အတွင်း နေ့စဥ်အတက်ကြမ်းခဲ့ပြီး အာဏာ မသိမ်းခင်ကာလပေါက်ဈေး နှစ်ဆ‌ကျော်အထိ ထိန်းမနိုင်သိမ်းမရ မြင့်တက်ခဲ့ပါသည်။

အောက်တိုဘာလ ၄ ရက်နေ့ ပေါက်ဈေးဟာ ကျပ်၂,၃၀၀ ဝန်းကျင်ရှိခဲ့ပြီး အောက်တိုဘာ၅ရက်မှာတော့ ကျပ် ၂,၀၆၀လောက်အထိ ဈေးပြန်ကျလာပါတယ်။ ဒီနေ့ညနေရဲ့ အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေးကတော့ တစ်ဒေါ်လာကိုကျပ် ၂,၃၀၀ ဝန်းကျင်ဖြစ်ပါသည်။

Zawgyicode:

SAC ဆက်အုပ်ချုပ်နေပါက ကျပ်ငွေတန်ဖိုး ပြန်တက်လာမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးပြော

Leave a Reply

Your email address will not be published. Required fields are marked *