စစ်ကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ ပြင်သစ်အစိုးရအား အမည်ပျက်နိုင်ငံစာရင်းသွင်းမည်ဖြစ်

Unicode:

သောင်းကျန်းသူစစ်ကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ NUG အစိုးရအား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြု ဆုံးဖြတ်ချက် အပေါ် လုံးဝလက်မခံနိုင်ကြောင်း ပြင်သစ်သံအရာရှိအား ယနေ့ခေါ်ယူသတိပေးလိုက်ကြောင်းသိရှိရပါသည်။

ပြင်သစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်နေသော နစက အစိုးရကို ကျော်လွန်ပြီး NUG အစိုးရကို အသိအမှတ်ပြုကြောင်း ‌ေကြငြာချက်သည် မြန်မာ နစက အစိုးရအား မထီမဲ့မြင်ပြုရာရောက်သည့်အပြင် နစကအစိုးရ၏ဂုဏ်သိက္ခာကို မလေးစားရာ ပြရာရောက်သည်ဟုဆိုပါသည်။

ဝဏ္ဏမောင်လွင်မှ ကိုယ့်ကို ပါးရိုက်ရင် နားတော့ ပြန်ကိုက်ပြရလိမ့်မည်ဟုဆိုခဲ့သည်။ ပြင်သစ်နိုင်ငံကို နစက အစိုးရဘက်္မှလည်း အမည်ပျက်နိုင်ငံစာရင်းထည့်သွင်း၍ ကမ္ဘာကို‌ေကြငြာသင့် ‌ေကြငြာရလိမ့်မည်ဟု ပြောဆိုခဲ့သည့်အပြင် နစကအစိုးရ တာဝန်ရှိခေါင်းဆောင်များ စုပေါင်းဆွေးနွေးပြီးပါက ပြင်သစ်သံရုံးကိုပိတ်သိမ်း နှင်ထုတ်သည်အထိ အရေးယူခံရနိုင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Zawgyicode:

စစ်ကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ ပြင်သစ်အစိုးရအား အမည်ပျက်နိုင်ငံစာရင်းသွင်းမည်

သောင်းကျန်းသူစစ်ကောင်စီက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ NUG အစိုးရအား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြု ဆုံးဖြတ်ချက် အပေါ် လုံးဝလက်မခံနိုင်ကြောင်း ပြင်သစ်သံအရာရှိအား ယနေ့ခေါ်ယူသတိပေးလိုက်ကြောင်းသိရှိရပါသည်။

ပြင်သစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်နေသော နစက အစိုးရကို ကျော်လွန်ပြီး NUG အစိုးရကို အသိအမှတ်ပြုကြောင်း ‌ေကြငြာချက်သည် မြန်မာ နစက အစိုးရအား မထီမဲ့မြင်ပြုရာရောက်သည့်အပြင် နစကအစိုးရ၏ဂုဏ်သိက္ခာကို မလေးစားရာ ပြရာရောက်သည်ဟုဆိုပါသည်။

ဝဏ္ဏမောင်လွင်မှ ကိုယ့်ကို ပါးရိုက်ရင် နားတော့ ပြန်ကိုက်ပြရလိမ့်မည်ဟုဆိုခဲ့သည်။ ပြင်သစ်နိုင်ငံကို နစက အစိုးရဘက်္မှလည်း အမည်ပျက်နိုင်ငံစာရင်းထည့်သွင်း၍ ကမ္ဘာကို‌ေကြငြာသင့် ‌ေကြငြာရလိမ့်မည်ဟု ပြောဆိုခဲ့သည့်အပြင် နစကအစိုးရ တာဝန်ရှိခေါင်းဆောင်များ စုပေါင်းဆွေးနွေးပြီးပါက ပြင်သစ်သံရုံးကိုပိတ်သိမ်း နှင်ထုတ်သည်အထိ အရေးယူခံရနိုင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published.