တရုတ်အကြီးအကျယ်ဒေါသထွက်စေမယ့် စကားလုံးတွေနဲ့ ပြန်တုံ့ပြန်ခဲ့သည့် ထိုင်ဝမ်

Unicode:

အင်ဒို-ပစိဖိတ်ဒေသကို ကာကွယ်ဖို့အတွက် ဩစတြေးလျရဲ့ ရေငုပ်သင်္ဘောစီမံကိန်းအပေါ်မှာ မိမိတို့ထောက်ခံကြောင်း ထိုင်ဝမ်က ပြောဆိုလိုက်ပါသည်။ ဒါဟာ ထိုင်ဝမ်ပိုင်နက်အတွင်း တရုတ်လေယာဉ်တွေကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ပြောဆိုခဲ့ခြင်းဖြစ်ကာ ဘေဂျင်းနဲ့ ထိုင်ဝမ်ကြား တင်းမာနေမှုတွေဟာ တစထက်တစပိုမိုပြင်းထန်လာခဲ့ပြီလည်းဖြစ်ပါသည်။

ဘေဂျင်းရဲ့ အင်အားပြသနေမှု့နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ ကာကွယ်ရေးစွမ်းရည်တည်ဆောက်နေမှုတွေဟာ ထိုင်ဝမ်နဲ့လည်း ကြီးကြီးမားမားပတ်သက်မှုရှိနေခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က တနင်္လာနေ့မှာ ပြောကြားခဲ့ရာမှာတော့ ထိုင်ဝမ်အနေနဲ့ ပဋိပက္ခအတွက် ပြင်ဆင်နေကြောင်းနဲ့ တရုတ်ဘက်က အိမ်နီးချင်းကို တိုက်ခိုက်မယ်ဆိုပါက အဆုံးထိပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဆိုပါသည်။

“တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်္မှု့တွေလုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြန်တိုက်ခိုက်္မယ်ဆိုတာ သေချာတယ်လို့ ပြောချင်ပါတယ်၊ သူတို့လည်း တော်တော်လေးဒုက္ခရောက်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ABC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ Wu က ဩစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့ AUKUS လက်မှတ်ရေးထိုးမှုဟာ မဟာဗျူဟာမြောက်စီမံကိန်းတစ်ရပ်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါသည်။

ဒါဟာ ဒေသတွင်းမှာ တရုတ်ရဲ့စစ်ရေးရည်မှန်းချက်တွေကို ဟန်ချက်ညီအောင် ကူညီပေးနိုင်လိမ့်မှာဖြစ်ပြီး လာမယ့် ၁၀ နှစ်အတွင်းမှာ သြစတြေးလျက နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၈ စီးအထိ ပိုင်ဆိုင်လာမှာဖြစ်ပြီး တောင်နဲ့ အရှေ့တရုတ်ပင်လယ်အတွင်း ကင်းလှည့်နိုင်ဖို့ လုံလောက်တဲ့ ပမာဏလည်းဖြစ်လာမှာဖြစ်ပါသည်။

“ထိုင်ဝမ်နဲ့ စိတ်တူကိုယ်တူလုပ်ဖော်ကိုင်ဖက်တွေကို တွေ့ရလို့ဝမ်းသာရပါတယ်၊ အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့က အင်ဒို-ပစိဖိတ်ဒေသကို ကာကွယ်ဖို့ ပိုမိုအဆင့်မြင်တဲ့ကာကွယ်ရေးတွေ ရယူနိုင်ဖို့ အချင်းချင်းနီးကပ်စွာလုပ်ဆောင်နေပါတယ်၊ သြစတြေးလျက အင်အားကြီးနိုင်ငံတစ်နိုင်ငံပါ၊ အခုလိုမျိုး အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ပိုမိုကြီးမားတဲ့တာဝန်တွေကို ပုခုံးပေါ်ထမ်းပေးတာကို မြင်ရတဲ့အတွက်လည်း ဝမ်းမြောက်္မိပါတယ်” လို့ Wu က ပြောကြားခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *