မြန်မာနိူင်ငံငြိမ်ချမ်းရေးရဖို့အတွက်ဝတ်ပြုဆုတောင်းပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး

နှစ်ပေါင်းများစွာ ပဋိပက္ခတွေနဲ့ ဖိစီးနှိပ်စက်မှု ခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ငြိမ်းချမ်းမှုရစေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ စုဝေးဆုတောင်းပွဲမှာ ထပ်မံ ဆုတောင်းပေးခဲ့ပါတယ်။

မကြာခင်နှစ်တွေအတွင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့အတူ ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတာတွေ သက်သာစေဖို့ ဘုရားသခင်က ငြိမ်းချမ်းရေးလက်ဆောင်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတွေအနေနဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေ သေဆုံးရမှုတွေကြောင့် မျက်ရည်မဆည်နိုင် ဖြစ်နေကြပေမယ့် ငြိမ်းချမ်းသာယာမှု ရှိလာစေဖို့ အတူလက်တွဲ လုပ်ဆောင်ပြီး အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်နိုင်အောင်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လည်း ဆုတောင်းပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခု ၉ လထဲ ရောက်လာချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိနေဆဲဖြစ်ပြီး စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် သေဆုံးသူက ၁,၁၅၀ ကျော်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေရာအတော်များများမှာ ဖြစ်ပွါးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတလွှား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးရသူက ၂၀၀,၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

(Unicode)

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်း

Leave a Reply

Your email address will not be published. Required fields are marked *