မြန်မာနိူင်ငံအတွက်တောင်ကိုရီးယားမှာအလှူခံပေးနေတဲ့ ဟန်နာယူရီ

လက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပါဝင် Speak Out လုပ်ပေးနေတဲ့ Makeup Artist မော်ဒယ် ဟန်နာယူရီက ကိုရီးယား ပြည်သူတွေကို မြန်မာနိုင်ငံအတွက် အလှူငွေ ကောက်ခံပေးနေတယ်လို့သိရပါတယ်။

ကျမရဲ့ SNS တွေမှာ ကိုးရီးယားလူမျိုး Follower တွေ ထောင်ချီ တက်နေပါတယ်။ မြန်မာကို ဘယ်လို ထိရောက်အောင် ကူညီမလဲ။ လှူဒါန်းမှု လုပ်ပေးဖို့ တိုက်တွန်းနေပါတယ်။ ကိုရီးယားမှာ အခြေခံအလုပ်သမားတွေတောင်တလ ဝမ် ဒသမ သန်း ရပါတယ်။ ကျမတို့ကို လှူဖို့ သိန်း/ သိန်းလောက်က သူတို့အတွက် တခါအပြင်ထွက်စားလောက်ပါပဲ။ ဒါကြောင့် ညှိုးငယ်စွာပဲ ကိုရီးယားပြည်သူတွေ မြန်မာကို ပိုက်ဆံနည်းနည်း လှူပေးဖို့ တောင်းနေပါတယ်လို့ ဟန်နာယူရီက ပြောပါတယ်။

အခက်ခဲတွေကြားထဲက ပထမဆုံး ပိုက်ဆံရတော့မှာမို့ မင်းတပ်ကို လှူလို့ရတော့မှာကို ဝမ်းသာလွန်း တယ်လို့ ဟန်နာယူရီက ဆိုပါတယ်။

မီဒီယာတွေ၊ YouTube Channel တွေ အများကြီးက ဆက်သွယ်လာပေမယ့် ကျမကို အခကြေးငွေ မပေးကြပါဘူး။ဖြေပေးရင် မြန်မာကို ဘယ်လောက် လှူပေးမလဲ ညှိပေမယ့် အချို့က မပေးချင်တဲ့အတွက် ကျမတို့ရဲ့ မတရားမှုတွေကိုသာ ချပြဖို့ အခမဲ့ သွားဖြေခဲ့ပါတယ်။ Korea Life က အရမ်းခက်ခဲပါတယ်။ အစစအရာရာ အရမ်းဈေးများပါတယ်။ ကျမကိုယ် ကျမတောင် မနည်း ရုန်းနေရတာပါ

အခု အခက်ခဲတွေကြားထဲက ဒီရောက်လာပြီး ပထမဆုံး ပိုက်ဆံရတော့မှာ မင်းတပ်ကို လှူလို့ရတော့မှာကိုဝမ်းသာလွန်းလို့ ပြောပြတာပါ။ အခုချိန်မှာ ဒီလို ဖြစ်တည်မှုတွေ နှိမ့်ချပြီး နေနေရပေမယ့် တော်လှန်ရေးအောင်မြင်ချိန် ကျမ အလုပ်တွေ အများကြီးကို အရင်လို ဝံ့ကြွားစွာ ပြန်လုပ်မယ်။ ပိုအောင်မြင်အောင် ကြိုးစားဖို့ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ တော်လှန်ရေး အောင်မြင်တဲ့အထိ ကျန်းကျန်းမာမာ ဘေးကင်းပြီး ကျမနဲ့အတူတူ ရှိပေးပါနော်လို့ ဟန်နာယူရီက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *