ပုသိမ်တွင် ရေယာဥ်များကို စစ်အုပ်စုက စစ်ဆေးရေးဟန်ပြပြီး ငွေတောင်းခံမှု့များ‌ေန့စဥ်ပြုလုပ်နေ

Unicode:

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုလက စတင်ကြီး ငဝန်မြစ် တစ်လျှောက်သွားလာတဲ့ စက်လှေနဲ့ သင်္ဘောတွေကို အာဏာသိမ်း စစ်အုပ်စု က စစ်ဆေးရေးဟန်ပြပြီး ငွေတောင်းခံတာတွေပြုလုပ် နေတယ်လို့ သိရှိရပါသည်။

ပုသိမ်မြို့ထဲကို ဝင်လာတဲ့ မြစ်ကြောင်းတစ်လျှောက်က စက်လှေတွေနဲ့ ခရီးသည်တင်ယာဥ်တွေကို အကြမ်းဖက်စစ်အုပ်နဲ့ သြဇာခံ ရေကြောင်းရဲတပ်ဖွဲ့က စိတ်ထင်သလို ဝင်ရောက်စစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြ စစ်ဆေးမေးမြန်းတာတွေကြောင့် ခရီးသည်တင်ယာဥ်လိုင်း ၁ စီးကို အနည်းဆုံး ငွေ ၅ ထောင်ကနေ ၁ သောင်းကြား ပေးနေရတယ်လို့ ဒေသခံအလုပ်သမားတစ်ဦးက ပြောပါသည်။

” ခုမ ပေးရတာမျိုးတော့ မဟူတ်ဘူး ဒါတွေက NLD အစိုးထဲကလည်းရှိတယ် အဲ့တုန်းကတော့ သစ်နဲ့ မီးသွေးတင်တဲ့ စက်လှေတွေက အများဆုံးပေးရတာ မှောင်ခိုတင်လို့ လိုင်းကြေးပေးရတဲ့ သဘောပေါ့ ခုကတော့ ပေါ်ပေါ်တင်တင်တောင်းတာ မပေးရင် ရစ်တာပေါ့ဗျာ စိတ်မညစ်ချင်ရင် ပေးရတာပေါ့ ခုက ခရီးသည်တင်တဲ့ လိုင်းတွေပါပေးနေရတာ”လို့ ပြောပါသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ ငဝန်မြစ်တစ်လျှောက်သွားလာတဲ့ ရေယာဥ်တွေကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ရဲ ရေတပ်နဲ့ ရေကြောင်းရဲတပ်ဖွဲ့က ပူးပေါင်းပြီး ဆက်ကြောင်းတောင်းတဲ့ပုံစံမျိုး ငွေတောင်းတာတွေ ရဲရဲတင်းတင်းပြုလုပ် လာတယ်လို့ ဆိုပါသည်။

ကုန်တင်ရေယာဥ်လိုင်းတွေကတော့ ပုံမှန်လိုင်းကြေးပေးရတာမျိုး ရှိပြီး သစ်နဲ့ မီးသွေးတင်တဲ့ စက်လှေမော်တော်လိုင်းတွေက သီးသန့်စျေးနဲ့ပေးရတဲ့အပြင် လစဥ် ဆီခွဲတမ်းပေးရတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေထံက သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *