ယနေ့ အွန်လိုင်းတွင်စတင်ပြီးအခွန်းများပေးဆောင်လို့ရပြီဖြစ်ကြောင်းNUG အစိုးရကြေညာ

ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြန်မာပြည် တွင်းနှင့် ပြည်ပရှိ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့ ပေးဆောင်ရမည်ဖြစ်သော အခွန်ငွေအား ကိုယ်တိုင် ချင့်ချိန်တွက်ချက်၍ လုံခြုံစိတ်ချရသော အွန်လိုင်းပလက်ဖောင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ လုံခြုံစိတ်ချစွာ ပေးဆောင်နိုင်ပြီဖြစ်ကြာင်း ယနေ့တွင် ထုတ်ပြန် လိုက်သည်။

အခွန်ငွေကို ird.nug-mm.net website မှတဆင့် ပေးဆောင်နိုင်ပြီး၊ အခွန်ထမ်းသူတဦးတည်းကသာ သိရှိနိုင်သော Unique Identification Number (UID) နှင့်တကွ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ပေးပို့သွားမည်ဖြစ် သည်။ တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်သည့် ကာလတွင် အခွန် ထမ်းဆောင်ထားသော ပြည်သူများအနေဖြင့် မိမိတို့လက်ဝယ်ရှိ UID ကို ကိုးကားကာ အခွန် အထူးကင်း လွတ်ခွင့်များကို ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် NUG အစိုးရအနေဖြင့် အခွန်ထမ်းပြည်သူများ၏ တော်လှန်ရေးကာလ တာဝန်သိမှုနှင့် နိုင်ငံသားပီသမှုကို အသိအမှတ်ပြု၍ အဆိုပါအခွန်ထမ်း ပြည်သူများ၏ အကျိုးစီးပွားအား အထူးတန်ဖိုးထား ဦးစားပေးသွားမည်လည်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRP H) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက် နေ့စွဲဖြင့်၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပ ဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။

အဆိုပါ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အတွက် အခွန်အ ကောက် ဥပဒေ၏ ထူးခြားသော ပြဌာန်းချက်များမှာ ရရှိလာသော အခွန်ဘဏ္ဍာငွေများအား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေးနှင့် ကျန်း မာရေး၊ ပညာရေးဆိုင်ရာ အသုံးစရိတ်အများအတွက် ဦး စားပေး သုံးစွဲရန် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီအနေနှင့် ၂၀၂၁ အခွန်အကောက်ဥပဒေအတိုင်း ကျပ်သိန်း ၁၀၀၀ အထိ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်း၊ ကိုဗစ်ကြောင့် ကုမ္ပဏီအခွန်နှုန်းကို ၂၂ ရာခိုင်နှုန်းသို့ လျှော့ချထားပြီး အခြေခံအဆောက်အအုံ (အိမ်ခြံမြေ) ရောင်းချမှုအပေါ်တွင် ၃ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *