ရေလွှမ်းမိုးမှု့နည်းလာသဖြင့် အင်းသားများ ကုန်းပေါ်ပြောင်းနေဖို့ အဓမ္မအာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား

Unicode:

အင်းလေးကန်၏ အရွယ်အစားမှာ ယခင်ကထက် ရေလွှမ်းမိုးမှု လျော့နည်းလာသဖြင့် ရေဖုံးလွှမ်းဧရိယာပေါ်တွင် လူဦးရေပမာဏတိုးမြှင့်မှု မရှိစေရေး ကုန်းပေါ်တွင်တဖြည်းဖြည်း ပြောင်းရွှေ့နေနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါသည်။

အောက်တိုဘာလ ၂ ရက်က တောင်ကြီးမြို့နယ်ရှိ အေးသာယာစက်မှုဇုန်သို့ သွားရောက်စဉ် ၎င်း၏ နောက်လိုက်နောက်ပါများကို ပြောကြားရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှုပမာဏ လျော့နည်းလာသည်ကို သတိပြုရန်လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာပေါ်တွင် နေထိုင်သည့် လူဦးရေပမာဏ ထပ်မံတိုးမြှင့်မှု မရှိစေရေးနှင့် ရေပေါ်မှတဆင့် ရေစပ်၊ ရေစပ်မှတဆင့်ကုန်းပေါ်သို့ တဖြည်းဖြည်းပြောင်းရွှေ့နေထိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျှောလုပ်ကိုင်မှုကိုလည်း လျှော့ချရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားထားပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ကြီးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တောင်ကြီး၊ အေးသာယာ၊ ကလော စသည့်အနီးတဝိုက်္မြို့များတွင် လှည့်လည်ကာ ဆွေးနွေးဟောပြောမှု့များပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် ၎င်းအစဉ်အစိုက်ပြောဆိုလေ့ရှိသည့် လျှပ်စစ်ရထားနှင့် မြေအောက်ရထားဖောက်လုပ်ရန် အကြောင်းကိုမူ ထည့်သွင်းပြောဆိုသည်ကို မတွေ့ရတော့ပေ။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *