လစ်သူနီယားတွင် တရုတ်ဖုန်းများ လုံးဝဝယ်ယူခြင်းမပြုရန်နှင့် သုံးလက်စ တရုတ်ဖုန်းများကိုလည်း စွန့်ပစ်ရန် တိုက်တွန်း‌

Unicode:

လစ်သူနီယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ဖုန်းများ ဝယ်ယူခြင်း မပြုရန် တိုက်တွန်း‌ထားသည်။ လက်ထဲတွင် သုံးလက်စ တရုတ်ဖုန်းများကိုလည်း စွန့်ပစ်ရန် တိုက်တွန်းထားသည်။

တရုတ်ဖုန်းများအတွင်း ဆင်ဆာဖြတ်တောက်နိုင်စွမ်းများကို ဖုန်းတွင် ထည့်သွင်းထားကြောင်း အစိုးရမှ တွေ့ရှိခဲ့သဖြင့် ယခုလို တိုက်တွန်းခြင်း ဖြစ်သည်။

တရုတ် စမတ်ဖုန်း မဟာလုပ်ငန်းကြီး Xiaomi က ဉရောပတွင် ရောင်းချသော စမတ်ဖုန်းများသည်“တိဘက် လွတ်လပ်ရေး” “Free Tibet”,“တိုင်ဝမ်လွတ်လပ်ရေး အဓွန့်ရှည်ပါစေ”“Long live Taiwan independence”“ဒီမိုကရေစီ လှုပ်ရှားမှု့” “democracy movement”အစရှိသော တရုတ်ဘာသာစကား စကားလုံးစုများကို သိနိုင်စွမ်းရှိနေပြီး ဆင်ဆာဖြတ်တောက်္မှု့ ပြုနိုင်စွမ်းလည်း ရှိနေအောင်ဖုန်းမှာစွမ်းရည်များ ထည့်သွင်းတည်ဆောက်ထားသည်ဟု လစ်သူနီယား အစိုးရ ဆိုင်ဘာလုံခြုံရေးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

“တရုတ်ဖုန်းအသစ် မဝယ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဝယ်ပြီးသားတွေကိုလည်း မြန်နိုင်သမျှ မြန်မြန် စွန့်ပစ်ဖို့ တိုက်တွန်းပါတယ်”ဟု ကာကွယ်ရေး ဒုဝန်ကြီး Margiris Abukevicius က အစီရင်ခံစာကို မိတ်ဆက်ပြောကြားသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်္များကို ပြောကြားခဲ့သည်။

နိုင်ငံရေးနောက်ခံမှာ တရုတ်နှင့် လစ်သူနီယားတို့အကြား တက်ဆံရေး တင်းမာမှု ရှိနေသည်။ တိုင်ဝမ်က လစ်သူနီယားတွင် Taiwanese Representative Office ကို တရားဝင်ဖွင့်လှစ်ခဲ့ပြီးသည့်နောက်တွင် တရုတ်အစိုးရက တောင်းဆိုသဖြင့် ဘီဂျင်းမြို့တော်ရှိ သံအမတ်ကို ပြန်ခေါ်ခဲ့ရသည်။

တရုတ်က လစ်သူနီယားကို ‘တရုတ်နိုင်ငံ တစ်နိုင်ငံသာရှိသည့်မူကို လိုက်နာရန် ဖိအားပေးသည်။တရုတ်က ဖိအားပေးခြင်းခံနေရသည့် လစ်သူနီယားကို အမေရိကန်က အားပေးထောက်ခံသည်။

National Cyber Centre က ပြောကြားသည်မှာ Xiaomi ဖုန်းသည် ဖုန်းအသုံးပြုသည့် ဒေတာများကို စင်ကာပူရှိ ဆာဗာသို့ ဝှက်စာဖြင့် ပေးပို့သည်။ Xiaomi ၏ ဖုန်းစနစ်တွင် ဖုန်းတွင် ပါသည့် အင်တာနက် ဘရောင်ဇာ Internet browser တွင် တရုတ်ဘာသာစကား စာလုံးစု ၄၄၉ ခုကို ဆင်ဆာဖြတ်တောက်ပြီး အခါအားလျော်စွာ အမြဲ update လုပ်ပေးနေသည်ဟုလည်း ပြောကြားခဲ့သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *