PDFနှင့်ပတ်သက်သည့် သတင်းအမှားပေးပို့မှု့များကြောင့် ထိခိုက်ကျဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေး စစ်ကောင်စီညွန်ကြား

Unicode:

PDFနှင့်ပတ်သက်သည့် သတင်းအမှားပေးပို့မှု များကြောင့် ထိခိုက်ကျဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေး စစ်ကောင်စီညွန်ကြားထားကြောင်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ PDFနှင့်ပတ်သက်သည့် သတင်းမှားပေးပို့မှုများရှိနေပြီး အဆိုပါ သတင်းမှားများအရ သွားရောက်၍ နယ်မြေရှင်း လင်းရေးလုပ်ဆောင်ရာတွင် အလစ်ငိုက်ချောင်း မြောင်းတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေသဖြင့် PDF နှင့် ပတ်သက်သည့် သတင်းများပေးပို့လာပါက သတင်းခိုင်လုံမှု ရှိ/မရှိအား သေချာစွာစိစစ်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရပါသည်။

PDFများ၏ တည်နေရာများအား နေရာလွှဲ၍ သ တင်းမှားများပေးပို့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပါက စောင့်ကြိုတိုက်ခိုက်မှုများရှိနေ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် လုံခြုံရေးသတိဖြင့်လုပ်ဆောင်ကြရန် စစ်ကောင် စီက ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရပါသည်။

” သူတို့ဆီကို PDF တွေဘယ်မှာရှိတယ်ဆိုပြီး တည်နေရာတွေလွှဲပြီး PDF တွေကဘဲ သတင်း ပေးလာပုံရပါတယ်။ သတင်းရတယ်ဆိုပြီး သွားဖမ်းတော့ ဟိုအဆင်သင့်စောင့်ပြီးပစ်တော့ အထိ နာတော့ ဒီပေးပို့လာတဲ့သတင်းတွေကိုပြန်စိစစ်ဖို့ ညွှန်ကြားတာ။” ဟု တပ်မတော်သားဟောင်း တဦးကသုံးသပ်ပြောဆိုထားပါသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသအနှံ့အပြားတွင် PDFတပ်ဖွဲ့ဝင်များနှင့် မြို့ ပြပျောက်ကြားစစ်အပါအဝင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ချောင်းမြောင်းပစ်ခတ်ခံရခြင်း၊ ဗုံးပစ်သွင်းခံရခြင်း စသည့် နည်းမျိုးစုံဖြင့် ရင် ဆိုင်နေရကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ တရက်တည်းမှာပင် ဒေသအနှံ့ PDFများ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်ပေါင်း ၈၀ကျော်ရှိကြောင်းသိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *