ပြဿနာများဖြေရှင်းရာတွင် ဆွေးနွေးခြင်းနည်းလမ်းအစား TNLA၊ SSPPတို့က စစ်ရေးနည်းဖြင့် ဖြေရှင်းနေဟု RCSS ထုတ်ပြန်‌ေကြငြာ

ပြဿနာများဖြေရှင်းရာတွင် ဆွေးနွေးခြင်းနည်းလမ်းအစား TNLA၊ SSPPတို့က စစ်ရေးနည်းဖြင့် ဖြေရှင်းနေဟု RCSS ထုတ်ပြန်ခဲ့ပါသည်။

ပြဿနာများဖြေရှင်းရာတွင် ဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းရမည့်အစား တအာန်းအဖွဲ့(TNLA)နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)တို့က စစ်ရေးနည်းဖြင့် ဖြေရှင်းနေကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်စီ (RCSS)က ယနေ့(အောက်တိုဘာ ၁) ထုတ်ပြန်ခဲ့သည်။

ရန်သူနှင့်သည်ပင်လျှင် ဆွေးနွေးညှိနှိုင်းနိုင်ပြီး ရှမ်းပြည်ညီနောင်တိုင်းရင်းသား အချင်းချင်းအကြား မဆွေးနွေးနိုင်ခြင်းမှာ ကြီး စွာ သော အံ့ဩဖွယ်ရာဖြစ်ကြောင်း ၊ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြဿနာများ ဖြေရှင်းနိုင်ရေး သံဃာတော်များနှင့် ပြည်သူလူ ထုတို့က ကြိမ်ဖန်များစွာ ကြားဝင် ဖျန် ဖြေ ကြိုးပမ်းခဲ့သော်လည်း မျှော်လင့်သည့် ရလဒ်ကောင်း မရရှိသည့်အတွက် မိမိတို့ အနေဖြင့် လွန်စွာစိတ်မ ကောင်းဖြစ်ရသည်ဟု RCSSက ဆိုသည်။

စစ်ရေးပဋိပက္ခများဖြေရှင်းရန် မိမိတို့က SSPP ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖထံ စာရေးသားညှိနှိုင်းခဲ့ကြောင်း၊ သို့သော် SSPPဘက်မှ အကြောင်းပြန်ကြားခြင်းမရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် တိုက်ပွဲများ တနေ့တခြား ပိုမိုပြင်းထန်လာ၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ဒဏ် ရာရ ကျဆုံးနေရသည့်အပေါ် အထူးဝမ်းနည်းကြေကွဲမိကြောင်း RCSSက ဆိုပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *