အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ပထမဆုံးအကြိမ် ‘အောင်လံလွှင့်ချီနွေဦးထီ’ ရှေ့ပြေးစီမံချက်(Pilot Project)ကို ယနေ့နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ခဲ့သည်။
“ ထီပေါက်စဉ်မှာ ထီတိုက်လို့ရနေပါပြီ” ဟု အောင်လံလွှင့်ချီနွေဦးထီ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှကြေညာသည်။
ထီထိုးစဉ်ကကဲ့သို့ နွေဦးထီ chat bot ထဲကိုဝင်ပြီး chat bot cards လေးများထဲမှ ‘ထီပေါက်စဉ်’ ဆိုသည့် ကတ်ကိုနှိပ်ပြီးဝင်ရောက်ထီတိုက်နိုင်သည်ဟု အသိပေးထားသည်။
ထို့ပြင် ကံထူးခဲ့သည့် ၇၅ ဦးထဲမှ ၆၂ ဦးသည် ဆုကြေးငွေများကို ပြန်လည်လှူဒါန်းရန်ဆန္ဒပြုထားကြပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်။
NUG ၏ ‘အောင်လံလွှင့်ချီနွေဦးထီ’ ကို စက်တင်ဘာလ ၁၅ ရက်မှစတင်၍ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ပြီး စတင်ရောင်းချသည့်နေ့တွင်ပင် ၁ နာရီအတွင်း သတ်မှတ်စောင်ရေအားလုံးကို ရောင်းချနိုင်ခဲ့သည်။
အောင်လံလွှင့်ချီနွေဦးထီ ရောင်းရငွေအတွင်းမှ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi/
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ပထမဆုံးအကြိမ် ‘အောင်လံလွှင့်ချီနွေဦးထီ’ ရှေ့ပြေးစီမံချက်(Pilot Project)ကို ယနေ့နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ခဲ့သည်။
“ ထီပေါက်စဉ်မှာ ထီတိုက်လို့ရနေပါပြီ” ဟု အောင်လံလွှင့်ချီနွေဦးထီ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှကြေညာသည်။
ထီထိုးစဉ်ကကဲ့သို့ နွေဦးထီ chat bot ထဲကိုဝင်ပြီး chat bot cards လေးများထဲမှ ‘ထီပေါက်စဉ်’ ဆိုသည့် ကတ်ကိုနှိပ်ပြီးဝင်ရောက်ထီတိုက်နိုင်သည်ဟု အသိပေးထားသည်။
ထို့ပြင် ကံထူးခဲ့သည့် ၇၅ ဦးထဲမှ ၆၂ ဦးသည် ဆုကြေးငွေများကို ပြန်လည်လှူဒါန်းရန်ဆန္ဒပြုထားကြပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး
နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်။
NUG ၏ ‘အောင်လံလွှင့်ချီနွေဦးထီ’ ကို စက်တင်ဘာလ ၁၅ ရက်မှစတင်၍ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ပြီး စတင်ရောင်းချသည့်နေ့တွင်ပင် ၁ နာရီအတွင်း သတ်မှတ်စောင်ရေအားလုံးကို ရောင်းချနိုင်ခဲ့သည်။
အောင်လံလွှင့်ချီနွေဦးထီ ရောင်းရငွေအတွင်းမှ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref; Burma Associated Press