အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ပရောက်္မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲပြုလုပ်

Unicode:

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ပရောက်မြန်မာမိသားစုများနှင့် Online မှတဆင့် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏လတ်တလော အခြေအနေများနှင့် ရံပုံငွေရှာဖွေရန်နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။ 

ယင်းတွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လူထုခေါင်းဆောင် ဦးမင်းကိုနိုင် ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင် ၊ CRPH မှ ဒေါ်ဖြူဖြူသင်း ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင် ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ဝန်ကြီးဌာနအချို့မှ တာဝန်ရှိသူများက အမှာစကား နှင့် ရှင်းလင်းတင်ပြလိုသည်များကို ပြောကြားခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင်မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးကဏ္ဍအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအတွက် လိုအပ်သည့် ရန်ပုံငွေရှာနိုင်ရန် United XYZ ဆိုသည့် Online Platform ကို မိတ်ဆက်တင်ပြပြီး လုပ်ဆောင်ရမည့် နည်းလမ်းများအားကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။

ထို့အပြင် တက်ရောက်လာကြသည့် နိုင်ငံတကာရောက် မြန်မာများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုရာဝန်ကြီးများ နှင့် ခေါင်းဆောင်များက ရင်းနှီးစွာပြန်လည် ဖြေကြားခဲ့ပါသည်။

Zawgyicode:

စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ပရောက်မြန်မာမိသားစုများနှင့် Online မှတဆင့် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏လတ်တလော အခြေအနေများနှင့် ရံပုံငွေရှာဖွေရန်နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

ယင်းတွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လူထုခေါင်းဆောင် ဦးမင်းကိုနိုင် ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင် ၊ CRPH မှ ဒေါ်ဖြူဖြူသင်း ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင် ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ဝန်ကြီးဌာနအချို့မှ တာဝန်ရှိသူများက အမှာစကား နှင့် ရှင်းလင်းတင်ပြလိုသည်များကို ပြောကြားခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင်မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးကဏ္ဍအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအတွက် လိုအပ်သည့် ရန်ပုံငွေရှာနိုင်ရန် United XYZ ဆိုသည့် Online Platform ကို မိတ်ဆက်တင်ပြပြီး လုပ်ဆောင်ရမည့် နည်းလမ်းများအားကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။

ထို့အပြင် တက်ရောက်လာကြသည့် နိုင်ငံတကာရောက် မြန်မာများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုရာဝန်ကြီးများ နှင့် ခေါင်းဆောင်များက ရင်းနှီးစွာပြန်လည် ဖြေကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *