တော်လှန်ရေးပီးရင် အမေ့နားပြန်ခွင့်မရတော့တဲ့ PDF လူငယ်လေးတစ်ဦး၏ရင်ဖွင့်စကား

မိခင်ဖြစ်သူရဲ့အမွေဖြတ်စွန့်လွှတ်ထားခြင်းကို ခံလိုက်ရတဲ့ PDF ရဲဘော်တစ်ဦးရေးတဲ့စာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အရာအားလုံးဆုံးရှုံးရမယ်ဆိုတာ သိပြီးသားပါ အမေ။အမေ့ကို စွန့်ခွာခဲ့တဲ့သား (လုံးဝ) ခွင့်မလွှတ်ပါနဲ့။ပြည်သူအားလုံးအတွက် သားမှန်တဲ့လမ်းရွေးခဲ့တာဖြစ်လို့သားနောင်တမရဘူး အဆုံးထိဆက်လျှောက်မယ်။

သား စစ်ပညာတွေ အားလုံးတတ်မြောက်အောင်သင်ယူခွင့်ပေးပါ။သား တော်လှန်ရေးရဲဘော်တွေကို ကာကွယ်ခွင့်ပေးပါ။
သား လက်တစ်စုပ်စာအာဏာရှင်ကို အမြစ်ဖြတ်ခွင့်ပေးပါ။သား ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ခွင့်ပေးပါ။

တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို သား ခြေ သား လက်နဲ့တည်ဆောက်ခွင့်ပေးပါအမေ။
တစ်နိုင်ငံလုံးမတရားမှုကြီးအောက်က လွတ်မြောက်ဖို့အရာအားလုံးစွန့်လွှတ်ပြီး တော်လှန်ပေးနေတဲ့သား နဲ့အတူရဲဘော်တွေ ထမင်းစားဖို့ သား အလှူခံစားရပါတယ်။
ကိုယ့်ကျိုးအတွက် အလှူခံနေတာမဟုတ်ကြောင်း ယုံကြည်အောင်သားရဲ့စစ်မှန်တဲ့ပြည်သူ့စစ်သားဘဝကိုချပြလိုက်ရတာပါ။

5လလောက် မဆက်သွယ်ပဲ ပစ်ထားမိခဲ့တာ
နားလည်ပေးပါ အမေ”မိဘကိုမကြည့်ပဲ ပြည်သူကိုသာကြည့်မိခဲ့တယ်​ေဒီအတွက်‌အမေ့မှာအပြစ်မရှိပါဘူး။အားလုံးသားအပစ်တွေပါ။
မိဘကိုစွန့်လွှတ်လိုက်ရတာထက် ဒီထက်ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး။တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင်နေသေးရင်အိမ်ပြန်စရာမရှိတဲ့သူတစ်ယောက် ဖြစ်ရုံကလွဲလို့အဆင်ပြေပါတယ်အမေသား အမေ့ကို အရမ်းချစ်ပါတယ်ရှိုင်းထက်ဇော်(30.9.2021)

Zawgyi

မိခင်ဖြစ်သူရဲ့အမွေဖြတ်စွန့်လွှတ်ထားခြင်းကို ခံလိုက်ရတဲ့ PDF ရဲဘော်တစ်ဦးရေးတဲ့စာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အရာအားလုံးဆုံးရှုံးရမယ်ဆိုတာ သိပြီးသားပါ အမေ။အမေ့ကို စွန့်ခွာခဲ့တဲ့သား (လုံး၀) ခွင့်မလွှတ်ပါနဲ့။ပြည်သူအားလုံးအတွက် သားမှန်တဲ့လမ်းရွေးခဲ့တာဖြစ်လို့သားနောင်တမရဘူး အဆုံးထိဆက်လျှောက်မယ်။သား စစ်ပညာတွေ အားလုံးတတ်မြောက်အောင်သင်ယူခွင့်ပေးပါ။သား တော်လှန်ရေးရဲဘော်တွေကို ကာကွယ်ခွင့်ပေးပါ။သား လက်တစ်စုပ်စာအာဏာရှင်ကို အမြစ်ဖြတ်ခွင့်ပေးပါ။
သား ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ခွင့်ပေးပါ။

တိုင်းရင်းသားအားလုံးပါ၀င်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို သား ခြေ သား လက်နဲ့တည်ဆောက်ခွင့်ပေးပါအမေ။
တစ်နိုင်ငံလုံးမတရားမှုကြီးအောက်က လွတ်မြောက်ဖို့အရာအားလုံးစွန့်လွှတ်ပြီး တော်လှန်ပေးနေတဲ့သား နဲ့အတူရဲဘော်တွေ ထမင်းစားဖို့ သား အလှူခံစားရပါတယ်။

ကိုယ့်ကျိုးအတွက် အလှူခံနေတာမဟုတ်ကြောင်း ယုံကြည်အောင်သားရဲ့စစ်မှန်တဲ့ပြည်သူ့စစ်သားဘ၀ကိုချပြလိုက်ရတာပါ။
5လလောက် မဆက်သွယ်ပဲ ပစ်ထားမိခဲ့တာ
နားလည်ပေးပါ အမေ”မိဘကိုမကြည့်ပဲ ပြည်သူကိုသာကြည့်မိခဲ့တယ်”ဒီအတွက်‌အမေ့မှာအပြစ်မရှိပါဘူး။

အားလုံးသားအပစ်တွေပါ။မိဘကိုစွန့်လွှတ်လိုက်ရတာထက် ဒီထက်ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး။တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင်နေသေးရင်အိမ်ပြန်စရာမရှိတဲ့သူတစ်ယောက် ဖြစ်ရုံကလွဲလို့အဆင်ပြေပါတယ်အမေသား အမေ့ကို အရမ်းချစ်ပါတယ်
ရှိုင်းထက်ဇော်(30.9.2021)

Leave a Reply

Your email address will not be published. Required fields are marked *