ဒေါ်လာစျေးထက်နိူင်ငံတော်သာယာဝပြောရေးကိုအဓိကထားဆောင်ရွက်မည်လို့ဆို

လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ စက်တင်ဘာ ၃၀ရက်နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ရွှေဈေးဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြည်လည်လည်ပတ်ဖို့ ကျဆင်းလာတဲ့ စီးပွားရေးတွေ အဆင်ပြေစွာ စီစစ်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေများ ရောင်းပေးတာတွေ ပြည်ပပို့ကုန်ရငွေများ အချိန်မှီပြန်လည်ဝင် ရောက်အောင် ဆောင်ရွက်ပေးတာတွေ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို အချိန်ကာလသတ်မှတ်ခြင်းနဲ့ ပိုကုန်မြင့်တင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချို့ကပြောကြတယ် ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာ ရှိပါတယ်။ ဒါလည်း အဖြစ်မှန်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးထားတာကတော့ နိုင်ငံမှာထွက်တဲ့ အခြေခံစားကုန်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ ပြည်ပကနေ ဝယ်ယူပေးနေရတဲ့ ဟာကတော့ စက်သုံးဆီ၊ စားသုံးဆီ ဒါတွေနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးနေပါတယ်။လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

zawgyi/

လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (စက်တင်ဘာ ၃၀ရက်) နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ရွှေဈေးဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြည်လည်လည်ပတ်ဖို့ ကျဆင်းလာတဲ့ စီးပွားရေးတွေ အဆင်ပြေစွာ စီစစ်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေများ ရောင်းပေးတာတွေ ပြည်ပပို့ကုန်ရငွေများ အချိန်မှီပြန်လည်ဝင် ရောက်အောင် ဆောင်ရွက်ပေးတာတွေ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို အချိန်ကာလသတ်မှတ်ခြင်းနဲ့ ပိုကုန်မြင့်တင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
“တစ်ချို့ကပြောကြတယ် ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာ ရှိပါတယ်။ ဒါလည်း အဖြစ်မှန်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးထားတာကတော့ နိုင်ငံမှာထွက်တဲ့ အခြေခံစားကုန်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ ပြည်ပကနေ ဝယ်ယူပေးနေရတဲ့ ဟာကတော့ စက်သုံးဆီ၊ စားသုံးဆီ ဒါတွေနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးနေပါတယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ ရေရှည်လုပ်ငန်းစီမံချက်အနေနဲ့ ပြည်တွင်းဆီလုံလောက်ရေး ဆောင်ရွက် နေကြာင်း၊ ရေနံ နဲ့ ဓာတ်ငွေ့များက ပြည်တွင်းဖူလုံရေးအတွက် မဖြစ်နိုင်တာကြောင့် တင်သွင်းနေရဦးမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်သွင်းမှုတွေကိုလည်း နည်းလမ်း ၂လမ်းနဲ့ ဖြေရှင်းဖို့လုပ်နေကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

“ဒေါ်လာဈေးရွှေဈေးနဲ့ ပတ်သက်ပြီးလည်း ပထမလှိုင်းထဲက စီးပွားရေးကျဆင်းမှုတွေ ပြည်တွင်းထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတာ ရှိတယ်။ ဒုတိယလှိုင်းမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပထိုးနှက်ချက်များရှိပါတယ်။ ဘယ်လိုပဲပြောပြော အရင်ကလူတွေကို အပစ်တင်ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တဲ့အတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိရမှာဖြစ်တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံဖြေရှင်းနိုင်ရေး မဟုတ်ရင်တောင် အကောင်းဆုံး ဖြေရှင်းနိုင်ရေးကို ရှိသမျှအင်အားနဲ့ ဆောင်ရွက်နေတယ်။”လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *