ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပိုမိုကောင်းမွန်အောင်တိုးမြင့်ဆောင်ရွက်တော့မည်လို့ဆို

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားသည် ဟူ၍လည်း ထုတ်ပြန် ပြောဆိုသွားသည်။

အဆိုပါလုပ်ငန်းစဉ် ၃ ရပ်ထဲတွင် နံပါတ် (၁) သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ နံပါတ် (၂) တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေး အဖွဲ့များနှင့် ဆွေးနွေးခြင်းဟူ၍ ဖြစ်သည်။

နံပါတ် (၃) အချက်တွင် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား NCA လက်မှတ် ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များရရှိရေးများ ဆောင်ရွက်ခြင်း ဟူ၍ စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

လက်တွေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် လက်မခံနိုင်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီး ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်ခြင်း မရှိပါ။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *