တောင်သူများ စပါးစိုက်စရိတ် မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရ

မြန်မာနိုင်ငံ၏ ဒေသတချို့တွင် မိုးစပါးများ ပေါ်လာနေသည့်တိုင် စပါးရိတ်သိမ်းချိန်တွင် စက်သုံးဆီဈေးများ မြှင့်တက်နေ သည့်အတွက် တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်ထွက်ရှိသော စပါးမှရရှိသည့် ဈေးနှုန်းမကာမိဘဲဖြစ်၍ အရှုံးဖြင့် ရင်ဆိုင် နေရကြောင်း လယ်သမားများထံမှ သိရှိရပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒေသတချို့မှာ စပါးပေါ်စအချိန်က ယခင်နှစ်ထက် စပါးဈေး ကျပ် ၁၀၀၀၀၀ (တစ်သိန်း)ခန့် ဈေးကျခြင်း၊ စိုက်ပျိုးချိန်၌ သွင်းအားစုဈေးများနှင့် ယခုရိတ်သိမ်းချိန်မှာ စက်သုံးဆီဈေးများ မြှင့်တက်သည့်အတွက် စိုက်ပျိုး စရိတ်နှင့်ထွက်ရှိသော စပါးမှ ရရှိသည့် ဈေးနှုန်း မကာမိဘဲ ဖြစ်ကာ တောင် သူများ အရှုံးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က “မိုးစပါး အခြေအနေကတော့ တစ်ချို့ ခေါင်ခါးတဲ့ နေရာတွေမှာ တင်း ၁၀၀ ကို ကျပ် ၄၅၀၀၀၀ ဈေးလောက် ရှိပြီးတော့ နည်းနည်း အထိုက်အလျှောက်ရှိတဲ့ နေရာတွေမှာ ကျပ် ၅၀၀၀၀၀ ဈေး လောက်ရှိတယ်။ ဒီနှစ်ကတော့ တောင်သူတွေ အရှုံးနာတယ်ပေါ့။ မနှစ်ကတုန်းက သွင်းအားစုက ဒီဇယ်က တစ်ပေပါကို ကျပ် ၁၆၀၀၀၀ ၊ ကျပ် ၁၇၀၀၀၀ ၊ ဒီနှစ်မှာတော့ ကျပ် ၃၀၀၀၀၀ ၊ မြေဩဇာက မနှစ်ကတုန်းက ကျပ် ၂၇၀၀၀ ၊ ဒီနှစ်က ကျပ် ၆၀၀၀၀ ကျော်၊ မနှစ်က ကောက်ရိတ် စက်ခက ကျပ် ၄၀၀၀၀ ၊ဒီနှစ်က ၆၀၀၀၀ ကျော် ဖြစ်တယ်။ မနှစ်က စပါးပေါ်စမှာ ဈေးက ကျပ် ၅၅၀၀၀၀ ၊ ဒီနှစ်က အဲဒီဈေးနဲ့ ဝယ်တဲ့နေရာတောင် မရှိသလောက်ဖြစ်နေတော့ တောင်သူတွေ ဒီနှစ်က တော်တော်လေးရှုံးပါတယ်” ဟု ပြောပါသည်။

တောင်သူများ ဆိုးဆိုးဝါးဝါး အရှုံးမပေါ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကူညီဖြေရှင်းပေးသင့်ကြောင်း၊ ယခု အတိုင်း ဆက်သွားပါက တောင်သူများ တော်တော်ထိခိုက်မည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ယခုနှစ်တွင် ကောက်ရိတ်သိမ်းခ၊ မြေဩဇာ သွင်းအားစုဈေးများ၊ စက်သုံးဆီဈေးများ တက်ခြင်းကြောင့် ကုန်ကျစရိတ်မှာ ယခင်နှစ် စိုက်ပျိုးစရိတ်များထက် ပျမ်းမျှ စပါးတင်း ၇၀ ထွက်သည့် လယ်တစ်ဧကလျှင် ယခင်က ကျပ်သုံးသိန်း ကုန်ကျပါက ယခုနှစ်တွင် ကျပ်လေးသိန်းခွဲအထိ ကုန်ကျခဲ့သဖြင့် ကျပ်တစ်သိန်းခွဲခန့် ပို၍ ကုန်ကျမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုစပါးဈေးနှင့် စိုက်ပျိုးစရိတ် တွက်ကြည့်မည်ဆိုလျှင် စပါး တစ်ဧကလျှင် ကျပ်ငါးသိန်း ဈေး ရောင်းရပါက တစ်ဧကကို ကျပ်တစ်သိန်းခန့် ရှုံးပြီး ကျပ်ခြောက်သိန်း ဈေးရောင်းရပါက အရင်းတွက်ချေကိုက်ကြောင်း လယ်သမားများက ပြောသည်။

လက်ရှိ ပြည်တွင်း၌ မြန်အောင်၊ ကြံခင်း၊ ဇလွန်၊ ကျုံပျော်၊ ပန်းတနော်၊ ဟင်္သာတ၊ ဓနုဖြူ နှင့် အိမ်မဲ စသည့် ဒေသများတွင် မိုးစပါးများ ပေါ်စပြုနေပြီဖြစ်သည်။

အောက်တိုဘာလ လဆန်းပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီး၊ မွန်ပြည်နယ် အစရှိသည့် နေရာများတွင် စပါးများ အထွက်နှုန်းများမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် စပါးဈေးများ ကျနေခြင်းကြောင့် စပါးပေါ်စအချိန်ဖြစ်သည့်တိုင် လယ်သမားများ အရှုံးနှင့် ရင်ဆိုင် နေရကြောင်း လယ်သမားလည်းဖြစ်သူ ဉီးသိန်းအောင်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *