ကုလအနေဖြင့် မြန်မာအရေးကိုထိရောက်စွာကိုင်တွယ်နိူင်ဖို့မဖြစ်နိူင်သေးဘူးလိုဆို

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပြီး မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စယန်ဟီးလီက သုံးသပ်ပြောဆိုလာပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ တရုတ်နဲ့ရုရှားနိုင်ငံတို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပါဝင်နေချိန်မှာ ကုလအနေနဲ့ မြန်မာ့အရေးအတွက် အရေးပါတဲ့ဆောင်ရွက်ချက် ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ ဘီဘီစီမေးမြန်းမှုကို သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

”ဒီလိုမလုပ်နိုင်တာဟာ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ရှက်စရာဖြစ်တယ်။ နောက်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီထဲမှာပါနေတဲ့ တရုတ်နဲ့ ရုရှားတို့က ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသဘောထားကို အနိုင်ကျင့်သလို လုပ်နေတာမျိုးကို ဒီအတိုင်းလွှတ်ထားတာဟာလည်း ကောင်စီအတွက် ရှက်စရာပဲ”လို့ မစ္စယန်ဟီးလီကပြောပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးအစီရင်ခံစာတင်သွင်းသူဟောင်း ဖြစ်သလို လက်ရှိမှာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာကိစ္စရပ်တွေအတွက် အထူးအကြံပေးကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဒါ့ပြင် CRPH က ဆက်ခန့်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတစ်ယောက် တနင်္လာနေ့က ပြီးစီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ပြီး သူ့နေရာသူထိုင်၊ မိန့်ခွန်းပြောကြားခွင့်မရခဲ့တာဟာလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြစ်သင့်တဲ့ကိစ္စ ဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့ဖြစ်စဉ်လို့လည်း မစ္စယန်ဟီးလီက ပြောပါတယ်။

စစ်ကောင်စီက ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ဆိုပြီး မြန်မာကိုယ်စားလှယ်အသစ်နောက်တစ်ဦးကို ကုလသမဂ္ဂထံ စေလွှတ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ဟာ ညီလာခံတက်ရောက်ခွင့်မရခဲ့သလို ဦးကျော်မိုးထွန်းလည်း ညီလာခံမှာ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပါဘူး။

ဒီအခြေအနေဟာ အမေရိကန်နဲ့ တရုတ်တို့အပြင် မြန်မာအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အာဆီယံအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကြား နောက်ကွယ်သံခင်းတမန်ခင်းစေ့စပ်ညှိနှိုင်းမှုကနေ ထွက်ပေါ်ခဲ့တာလို့ ဖောရိန်းပေါ်လစီမဂ္ဂဇင်းမှာ ဖော်ပြခဲ့သလို ဦးကျော်မိုးထွန်း ကိုယ်တိုင်ကလည်း သူသိရှိနားလည်ထားတာနဲ့ မဂ္ဂဇင်းမှာဖော်ပြတာ အတူတူပဲဆိုပြီး ဘီဘီစီကို အတည်ပြုထားပါတယ်။
Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *