(၁)ရက်နေ့တွင် နွေဦးထီ ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းမှတဆင့် ရောင်းချသည့် ‘အောင်လံလွှင့်ချီ နွေဦးထီ’ ရှေ့ပြေးစီမံချက် (Pilot Project) ၏ ကံထူးရှင်ရွေးချယ်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ Computerized Random Selection (ကွန်ပျူတာဖြင့် ကျဘမ်းရွေချယ်ခြင်း) ဖြင့် ကံထူးရှင် နံပါတ်များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီ နွေဦးထီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

NUG ၏ အောင်လံလွှင့်ချီ နွေဦးထီကို တစောင်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် သြဂုတ်လ ၁၅ ရက်နေ့က စတင် စမ်းသပ်ရောင်းချခဲ့ပြီး ယင်းနေ့တွင် ဝင်ရောက်ထီထိုးသူ များပြား၍ ၁ နာရီအတွင်းမှာပင် သတ်မှတ်စောင်ရေ ကုန်သည်အထိ ဖြစ်ခဲ့သည်။

အဆိုပါ နွေဦးထီ ပထမအသုတ် စမ်းသပ်ကာလ ရောင်းရငွေများထဲက ၇၀ ရာခိုင်နှုန်းကို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားထားသည်။

နွေဦးထီကို စမ်းသပ်ရောင်းချခဲ့သည့် ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်တာ ကာလအတွင်း ထီလက်မှတ် နှစ်သိန်းခွဲခန့် ရောင်းချခဲ့ရမှုမှ ငွေကျပ်သိန်း ငါးထောင်ခန့် ရရှိခဲ့ကြောင်း သိရသည်။
Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *