မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာအသင်း-မန္တလေး မှ နှုတ်ထွက်”

မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာအသင်းမန္တလေး မှ နှုတ်ထွက်ကြောင်း၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါတယ်။

အသက် နှစ်သား ၂၀၀၂ ခုနှစ်မှာ ငွေငန်းကို စသိခွင့်ရခဲ့တယ်။ အဖေ့ရဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ငွေငန်းကြီးသွားရာ ကို လိုက်ကြည့်ခဲ့ဖူးတယ်။ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ငွေငန်း၊ မြို့မ အသင်းကြီးနဲ့ ကိုယ်နဲ့  ရင်းနှီးနေတယ်လို့ခံစားရတယ်။ နောက် နှစ်တိုင်း နှစ်တိုင်း

င်္သကြန်ကာလရောက်ပြီဆို ငွေငန်းကားကြီးနောက်ကို လိုက်ကြည့်နေမိရောပါပဲ။ ဒါကတော့ ငယ်ဘဝ အမှတ်တရပေ့ါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနှစ်မှာ ရုံးက သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်စပ်မိရင်း သူမရဲ့ မိခင်ကမြို့မကနာယက တစ်ယောက်နဲ့ ရင်းနှီးတယ် ။ဆိုချင်လား အသံစစ် ပြီး ပြောကြည့်ပေးမယ်ဆိုလို့ ဝမ်းသာအားရ ချိတ်ကြည့်ဖူးခဲ့သေးတယ်။အဲ့အချိန် အသင်းတိုက် ရောက်သွားတေ့ာ

အတွင်းရေးမှူးတစ်ယောက်က လေမှုတ်တူရိယာတစ်မျိုး စသင်ပေးရော။  မကြာလိုက်ပါဘူး ။မလာနဲ့တော့ ဆိုပြီးဝေးသွားရပြန်ရော။ တစ်ခါ ၂၀၁၆ ခုနှစ်မှာ မြို့မ မှာ

တေးသံရှင် အသစ်တွေခေါ်ဖို့ ပြိုင်ပွဲရှိလာရော။

သတင်းရရချင်းပဲ ဖောင်ဝယ်ပြီး တစ်ခါတည်း တင်လိုက်တယ်။ အကဲဖြတ်တဲ့အထဲမှာ မြို့မငြိမ်းရဲ့သား ဖြစ်တဲ့ ဦးရွှန်းမြိုင်လည်း ပါခဲ့တယ်။ ပြိုင်ရတာကတော့ မြန်မာသံ ဗိုလ်သံ၊ သင်္ကြန်အစုံ။ အယောက်ပေါင်းများစွာထဲကနေ

တဆင့်ချင်း ပါပါသွားရော၊ နောက်ဆုံး နှစ်ယောက်ပဲ ရွေးတဲ့အထဲ ပါဝင်ပြီး မြို့မရဲ့ တေးသံရှင် တစ်ဦးဖြစ်လာခဲ့တယ်။ မြန်မာသံတေးသံရှင်တစ်ဦးအနေနဲ့ မြို့မ မှာ သီဆိုရင်း မြန်မာသံတွေကို ပိုတန်ဖိုးထား ထား တတ်လာတယ်။

အပေါ်က စာတွေက ကျွန်တော့် စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြခဲ့သလဲဆိုတာကို သိစေချင်လို့ပါ။ သက်တမ်းကြာရှည် ဂီတအနှစ်သာရ ပြည့်ဝတဲ့မြို့မမှာ ဆိုရတဲ့ မြို့မတေးသံရှင် ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူး။ဂုဏ်ယူတယ်။

င်္သကြန်ပွဲ၊ မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘုရားပွဲတွေ၊ ကထိန်ပွဲ၊

နိူင်ငံဂုဏ်ဆောင််ပွဲတွေ အများကြီး ဆိုခဲ့ရတယ်။

မြို့မတေးသံရှင်ဆိုတဲ့ အရာလေးကို တန်ဖိုးထား မြတ်နိူးလွန်းလို့ တခြားသော တီးဝိုင်းတွေ၊ ပွဲတွေ၊ ပြိုင်ပွဲတွေမှာတောင် ဝင်ရောက် မပြိုင်တော့ဘူး၊ မဆိုတော့ဘူး။

တချို့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ အရာတွေတောင်

စိတ်မဝင်စားခဲ့ဘူး။ မပတ်သတ်ခဲ့ဘူး။ လတ်တလော ကြုံတွေ့နေရတဲ့ မြို့မရဲ့ အခြေအနေတွေကြောင့်

စိတ်တွေ အရမ်းထိခိုက်ရတယ်။ ဝမ်းနည်းရတယ်။ မြို့မကို ချစ်တယ်။ ငွေငန်းကိုလည်း ချစ်တယ်။ တစ်ခုသိစေချင်တာက ငွေငန်းကြီးက သက်မဲ့ဖြစ်တယ်။ရပ်တည်မှု မတူညီတော့တဲ့အခါမှာ ခွဲခွါဖို့ဆိုတာ ဖြစ်လာတယ်။

မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို လက်ရှိဦးဆောင်နေသော အသင်းလူကြီးများအောက်တွင် ဆက်လက်သီဆိုခြင်း မရှိတော့ပါသောကြောင့် ကျွန်န်ုပ် တေးသံရှင် အောင်ကျော်ဟိန်း သည် ယနေ့မှစ၍ မြို့မ အပျော်တမ်းတူရိယာ အသင်းကြီး၏တေးသံရှင် တစ်ဦးအဖြစ်မှ နှုတ်ထွက်ပါသည်လို့ရေးသားထားပါတယ်။

zawgyi

မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာအသင်းမန္တလေး မှ နှုတ်ထွက်

Leave a Reply

Your email address will not be published. Required fields are marked *