ဓါတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်း (၂)ဆကျော် အရှိန်တိုးမြင့်တက်လာလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့နေ

ဓါတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်း (၂)ဆကျော် မြင့်တက်လာလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့

Unicode:

ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် ဓါတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းဟာ အရင်ကာလထက် (၂)ဆကျော် ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဓါတ်မြေသြဇာတစ်အိတ်ကို အရင်က ကျပ် (၂၀၀၀၀) ဝန်းကျင်နဲ့ ဝယ်ယူခဲ့ရပေမယ့် ယခုအခါ တစ်အိတ်ကို ကျပ် (၅၀၀၀၀)ကျော်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းမှာလည်း ဒီဇယ်တစ်လီတာကို အရင်က ကျပ် (၇၀၀) ကျော်နဲ့ ဝယ်ယူခဲ့ရပေမယ့် ယခုအခါ တစ်လီတာကို ကျပ် (၁၃၀၀)ကျော်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

ဓါတ်မြေသြဇာဈေးနှုန်းနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုဟာ နိုင်ငံတဝှမ်းက စိုက်ပျိုးရေးတောင်သူတွေ အပေါ် အကျိုးသက်ရောက်မှု အတော်လေး ပြင်းထန်ခဲ့ပါတယ်။

ဓါတ်မြေသြဇာစရိတ် မတတ်နိုင်လို့ လယ်ထဲမှာ လျှော့သုံးခဲ့တဲ့အတွက် အခုနှစ် မိုးစပါးရိတ်သိမ်းချိန်မှာ အထွက်နှုန်းလျော့ပြီး အရှုံးပေါ်နိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားကြပါသည်။

“ဓါတ်မြေသြဇာဈေးနှုန်းတက်တော့ အရင်ကလောက် လယ်ထဲမှာ မသုံးနိုင်တော့ဘူးလေ။ ရသလောက်လေးနဲ့ မြေသြဇာကျွေးထားရတယ်။ ထွက်သလောက်ပေါ့။ နောက်လလောက်ဆို စပါးတွေက ရိတ်လို့ရတော့မယ်။ ရိတ်ခတွေက ဈေးတက်အုန်းမယ်။ စက်နဲ့ရိတ်ရင်လည်း ဆီတွေဈေး တက်နေတော့ မနှစ်ကဈေးနှုန်းထက် ပိုပေးရမယ်လို့ အသံတွေ ထွက်နေပြီး။ လူနဲ့ရိတ်မယ်ဆိုလည်း လူကမရှိ ရှာရခက်တယ်။ စပါးအထွက်ကလည်း ဘယ်လိုလာအုန်းမလဲ မသိဘူး။ စပါးထွက်ချိန်ကျလို့ စပါးဈေးက မနှစ်ကလောက်ဘဲဆိုရင်တော့ သေချာတာက အရှုံးဘဲရှိမယ်”လို့ ပေါင်ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်နဲ့ စပါးရိတ်သိမ်းစရိတ်ဟာ အရင်နှစ်က တစ်ဧကကို ကျပ် (၄၀၀၀၀)ဝန်းကျင်သာ ရှိခဲ့ရာမှ အခုနှစ်မှာတော့ ရိတ်သိမ်းခ တစ်ဧကကို ကျပ် (၆၀၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။

“ခုက မြန်မာကျပ်ငွေ တန်ဖိုးက ကျနေတော့ စပါးဈေးက ယခင်နှစ်ဈေးရရင်တောင် တောင်သူတွေအတွက် အကျိုးမရှိဘူး။ ခုချိန်မှာ စပါးဈေးအသင့်အတင့်ရှိနေပေမယ့် မိုးစပါးထွက်လာရင် စပါးဈေးက အထိုက်အလျောက်ကျအုန်းမှာ။ အဲဒီတော့ တောင်သူတွေ ဘဝက နစ်ပြီးရင်း နစ်တာပါဘဲ”လို့ ဒေသခံ တောင်သူတစ်ဦးကပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စပါးစိုက်ဧက (၇)သိန်းကျော်ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း (၄၀၀)ကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *