စစ်ကောင်စီ၏ ၅ လ အပစ်ရပ်စဲရေးအပေါ် ‌ေကြငြာချက်ကိုလံုးဝမယုံကြည်‌ဟု KNU ပြေကြား

Unicode:

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ လက်တွေ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ယနေ့ အပစ်ရပ်ဆိုပြီး ယနေ့ စစ်ကြောင်း ထိုးတာမျိုးများကြောင့် ယုံကြည်၍မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဆိုပါသည်။

ပဒိုစောတောနီး “တကယ်တမ်း လက်တွေ့ကျတာ လုပ်ရပ်ပေါ်မှာပဲ ကျနော်တို့ ကြည့်ရမှာ၊ ပြည်‌ထောင်စုနေ့ပဲ ပြောပြော၊ လွတ်လပ်ရေးနေ့ပဲ ပြောပြော၊ ဘာနေ့ပဲ ပြောပြော၊ တကယ်တမ်းကြတော့ ကျနော်တို့ အ ပေါ်မှာ စိတ်ထားက ဘယ်လိုရှိ တယ်။ လုပ်ရပ်တွေက ဘယ်လိုရှိတယ်။ အဲတာတွေပဲ ကြည့်တာ။ အခုပါးစပ်နဲ့ ပြောတာ ဘယ်လိုမှ လက်ခံလို့မရဘူး။ လက်နဲ့ လုပ်ပြတဲ့ဟာပဲ ကျ‌နော်တို့ ယုံရတော့မှာ။ ဘာဖြစ်လို့လည်းဆိုတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ ကျနော်တို့ အဖွဲ့မှ မဟုတ်ဘူး။ အားလုံးတူတူပဲ။ အပစ်အခတ်ရပ်စဲရေး ဒီနေ့လုပ်တယ်။ ဒီနေ့ပဲ ကျနော်တို့ ဆီ ဝင်ပြီးချတယ်။ ဒါဘယ်လိုလုပ် ယုံလို့ရမလဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံ ရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (၅)လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *