ခရီးသွားလုပ်ငန်းများလုံခြုံစိတ်ချစွာပြန်စနိူင်အောင်စီစဉ်နေပြီလိုဆို

ကပ်ဘေးကန့်သတ်ချက်တွေကြောင့် မြန်မာကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာပြည်ဝင်ခရီးစဉ်တွေ ရပ်ဆိုင်းသွားခဲ့ပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း ပြန်စနိုင်ဖို့ လုပ်နေပြီဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပါ ပေးပို့တဲ့စာမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းပြန်လည်စတင်ဖို့ ပြည်တွင်းအပြင် ပြည်ပခရီးသွားတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရေးဟာ အရေးပါတာကြောင့် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအပြင် ဘေးကင်းတဲ့ဝန်ဆောင်မှု အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီလို့လည်းသူက ပြောပါတယ်။

ခရီးသွားလုပ်ငန်းကဏ္ဍမှာ ဝန်ဆောင်မှု ပေးနေသူတွေကို ကပ်ရောဂါကာကွယ်ရေး သင်တန်းပေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ကဏ္ဍတွေမှာ ကပ်ရောဂါဆိုင်ရာ ဘေးကင်းမှုစံနှုန်း၊ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေအဖြစ် ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုတဲ့လက်မှတ်တွေ ထုတ်ပေးသွားဖို့လည်းရှိတယ်လို့ သူကပြောပါထားတယ်။

Zawgyi/

ခရီးသွားလုပ်ငန်းကို ပြည်တွင်းကနေ ပြန်စနိုင်အောင်လုပ်နေပြီလို့ စစ်ခေါင်းဆောင်ပြော

Leave a Reply

Your email address will not be published. Required fields are marked *