ပူတာအို ခရီးမထွက်္မှီ စစ်ကောင်စီက ၂၀၂၂ ဖေဖော်ဝါရီကုန်အထိ ပစ်ခတ်တိုက်ခိုက်္မှု့ ရပ်စဲသည်ဟု အချိန်မှီကြေညာ

Unicode:

ပူတာအို ခရီးမထွက်္မှီ စစ်ကောင်စီက ၂၀၂၂ ဖေဖော်ဝါရီကုန်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည်ဟု ကြေညာခဲ့ပါသည်။

စစ်ကောင်စီက မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ ယခုနှစ် အောက်တိုဘာလ ၁ ရက် မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲသည်ဟု ယမန်နေ့ကကြေညာခဲ့သည်။

စစ်ကောင်စီက ထိုသို့ကြေညာထားသော်လည်း ကရင်၊ ကချင်၊ ကယား၊ ချင်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကြည်း၊ ရေ၊ လေ လက်နက်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းများထိုးကာ စစ်ဆင်ရေးများ ဆင်နွဲလျှက်ရှိနေသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် ကယား၊ ချင်းနှင့် စစ်ကိုင်းတို့ရှိ လူနေအိမ်များ လက်နက်ကြီးထိမှန် ပျက်စီးရပြီး ကျေးရွာပေါင်းများစွာမီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းဒေများတွင်နေထိုင်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရွာသူရွာသားအချို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသည်။

အခြားသော အချက်အလက်အနေဖြင့်မူ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးရသည့် အရပ်သားပြည်သူ အရေအတွက်မှာ ၁၁၃၆ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အစီရင်ခံစာအရ သိရပါသည်။

စစ်တပ်အနေဖြင့် ၎င်းတို့၏ နည်းမျိုးစုံသောတစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ အကြိမ်ပေါင်း ၂၀၊ ကာလအားဖြင့် ၂ နှစ်နှင့် ၉ ကာလကြာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ထိုကာလများအတွင်း စစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်သာဖြစ်သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *