မြန်မာစစ်တပ်အနေဖြင့် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ရန်နှင့် အကြမ်းဖက်္မှု့များ ရပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ တောင်းဆို

Unicode:

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကို ဝါရှင်တန်ဒီစီတွင် ယနေ့တွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါသည်။

ဝန်ကြီးနှစ်ဦးတွေ့ဆုံရာတွင် အမေရိကန်-ထိုင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးတိုးမြှင့်ရေး၊ ရာသီဥတုပြောင်းလဲမှုအကျပ်အတည်း၊ ၂၀၂၂ APEC အစည်းအဝေးကိုထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံမည့် ကိစ္စများ အပြင် မြန်မာအရေးကို အထူးဦးစားပေး ဆွေးနွေးကြောင်း သိရှိရပါသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့က လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် အကျပ်အတည်းကို ဖြေရှင်းရန် ၊ မြန်မာစစ်တပ်အနေဖြင့် အကြမ်း ဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန် ပူးတွဲ တောင်းဆိုခဲ့ကြပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *