ကနီမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ်မှ ၄၅ နှစ်အထိအရွယ် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်များက တစ်ပြိုင်နက်အုပ်စုဖွဲ့ မုဒိမ်းကျင့်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်သားတွေက သက်ငယ်မုဒိမ်းမှု့၊ အုပ်စုဖွဲ့ တပြိုင်နက္မုဒိမ်းကျင့်မှု့တွေအပါအဝင် မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီး ၄ ဦးထိ ရှိလာနေပြီး မုဒိမ်းမှု့ကျူးလွန်ခံရသူအမျိုးသမီးတွေက အသက်အငယ်ဆုံး ၁၄ နှစ်ကနေ အကြီးဆုံး ၄၅ နှစ်ထိ ပါဝင်တယ်လို့ သိရှိရပါသည်။

စစ်ကောင်စီတပ်က ကနီမြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး ထိုးစစ်တွေ အကြီးအကျယ် ဆင်နွှဲနေတဲ့ မြို့နယ်လည်းဖြစ်ပါသည်။

မုဒိမ်းမှုတွေကို ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင်လမှာတစ်ကြိမ်နှင့် အခု စက်တင်ဘာလ ၁၆ ရက်နေ့က တစ်ကြိမ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါသည်။

ဇွန်လအတွင်း ကျူးလွန်ခံရတဲ့ အမျိုးသမီးက အသက် ၂၆ နှစ်အရွယ် မိန်းမပျိုဖြစ်ပါတယ်။ ဇူလိုင်လအတွင်း ကျူးလွန်ခံရသူတွေကတော့ အသက် ၃၀ နှစ်နှင့် ၄၅ နှစ်အရွယ် တခုလပ်အမျိုးသမီးတွေ ဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျူးလွန်ခံရသူကတော့ အသက် ၁၄ နှစ်သာရှိသေးတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်ဖြစ်ပါတယ်လို့ သိရှိရပါသည်။

“သက်ငယ်မုဒိမ်းကျင့်မှု့ဖြစ်တာ ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းမှာ။ သူတို့တပ်သားပျောက်နေတော့ အနောက်ဖက်ကမ်းလာရှာသေးတယ်။ အဲဒီတပ်သားက သတင်းအစအန မရဘူး။”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါသည်။

မုဒိမ်းကျင့်ခံရသူတွေက ရှက်ကြောက်တဲ့အတွက် မပြောဆိုဘဲ နေခဲ့ကြတာပါ။ ကိုယ်ဝန်မရအောင် ဆေးလာထိုးမှသာ သိရတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ကူညီပေးနေသူတဦးက ပြောပါသည်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကာယကံရှင်တွေကို ဆက်သွယ်ဖို့ကြိုးစားရာမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျူးလွန်ခံရသူတွေကို တိုက်ရိုက် မေးမြန်းအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ကြားခံကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောပြချက်အရ အဆိုပါဖြစ်စဉ်တွေကို NUG အစိုးရကို တင်ပြထားကြောင်းသိရပါတယ်။ မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်ဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *