ကုလ မိန့်ခွန်းပြောခွင့်ရသည့်အစီစဉ်မှ အသံအမတ်ကြီး ပါဝင်တော့မည်မဟုတ်

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့်၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အနေနဲ့၊ တစ်စုံတစ်ရာ မိန့်ခွန်း မပြောဆိုသရွေ့၊ ညီလာခံတက်ရောက်ခွင့်ပြုဖို့၊ ရုရှား နဲ့ တရုတ် တို့ သဘောတူညီခဲ့ကြပါတယ်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ခန့်အပ်ထားတဲ့၊ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း အနေနဲ့ ညီလာခံနောက်ဆုံးနေ့ ဖြစ်တဲ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောဖို့ မူလ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက်၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပြဿနာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ပြောခွင့်ရသူ Stephane Dujarric က – အခုလိုအခြေအနေမှာ မြန်မာအနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ မဟုတ်ကြောင်း သောကြာနေ့က ပြောလိုက်ပါတယ်။

ဦးကျော်မိုးထွန်း အနေနဲ့ ညီလာခံမှာ တစ်စုံတစ်ရာ မပြောဆိုသရွေ့၊ ရုရှားနဲ့ တရုတ်က ကန်ကွက်မှာ မဟုတ်ကြောင်းလည်း သံအမတ်တွေက ပြောပါတယ်။

ဦးကျော်မိုးထွန်း ကလည်း သူ့အနေနဲ့ မိန့်ခွန်းပြောမယ့် စာရင်းထဲကနေ ထွက်လိုက်ပြီဖြစ်ပြီး၊ ဆွေးနွေးပြောဆိုရာမှာ ပါဝင်မှာမဟုတ်ကြောင်း ရိုက်တာ သတင်းကို ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်း ရဲ့ လက်ရှိနေရာကို၊ စစ်တပ်က လာတဲ့ ဦးအောင်သူရိန် နဲ့ အစားထိုးခန့်အပ်ဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ ဦးကျော်မိုးထွန်း ကလည်း သူ့ရဲ့ လက်ရှိရာထူးကို သက်တမ်းတိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
– Unicode

– Zawgyi
—————

ဓာတ်ပုံ – ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဖေ့စ်ဘွတ်စာမျက်နှာ

Leave a Reply

Your email address will not be published. Required fields are marked *