ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်အား စက်တင်ဘာလ (၂၁)ရက်နေ့တွင် နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း Myanmar Police CDM ၏ဖော်ပြချက်အရ သိရသည်။
ဖော်ပြချက်တွင် မချယ်ရီထက်အား ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်ကောင်စီမှ ပြည်သူအာဏာအားသိမ်းယူလိုက်ချိန်တွင် အတိုင်ပင်ခံ၏ သက်တော်စောင့် မချယ်ရီထက်အား နေပြည်တော်ရှိ ၎င်း၏လိုင်းခန်းအကျယ်ချုပ်ထိန်းသိမ်း၍ သတင်းဖျောက်ထားခဲ့ခါ ယခုလ (၂၁)ရက်နေ့တွင် စစ်ကောင်စီမှဖမ်းဆီးခေါ်ဆောင်သွား၍ (၂၃)ရက်နေ့တွင် ပုဒ်မ ၅၀၅-(က) ဖြင့် အမှုဖွင့်ဆွဲဆိုထားကြောင်းသိရှိရပါသည်။
စစ်ကောင်စီမှ အာဏာသိမ်းချိန်မှစ၍ သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်နှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့သော်လည်း ယခုအခါ Myanmar Police CDM ၏ဖော်ပြမှုအရ အထက်ပါအတိုင်း တရားစွဲဆိုခံထားရကြောင်း သိရှိရပါသည်။
Zawgyi/ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်အား စက်တင်ဘာလ (၂၁)ရက်နေ့တွင် နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း Myanmar Police CDM ၏ဖော်ပြချက်အရ သိရသည်။