ယမန်နေ့က ဒီမော့ဆိုမြို့နယ်တွင် ကျဆုံးသွားခဲ့ရသည့် PDF သူရဲကောင်းလူငယ်လေး

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုပြည်နယ်၊ ကျောက်ဆည်ကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲများတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်သား မောင်ပါစ္စကွားလယ် (ခ) ခိုးခို ကျဆုံးခဲ့ကြောင်း လွိုင်ကော် PDF မှ သတင်းထုတ်ပြန်သည်။

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဘက်သို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကော်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှ ည ၇ နာရီထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး သေဆုံးသူအရေအတွက်ပိုများနိုင်ကြောင်းKNDF ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့် ထိုးစစ်ဆင်လာမှုကို ကရင်နီတပ်မတော်၊ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်းနှင့် ကျဆုံးခဲ့သည့် လွိုင်ကော် PDF မှ ရဲဘော် မောင်ပါစ္စကွားလယ်အား သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

zawgyi/

ယမန်နေ့ ဒီးမော့ဆို၊ ကျောက်ဆည်ကန်တိုက်ပွဲတွင် လွိုင်ကော် PDF တပ်ဖွဲ့ဝင် မောင်ပါစ္စကွားလယ် ကျဆုံး

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုပြည်နယ်၊ ကျောက်ဆည်ကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲများတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်သား မောင်ပါစ္စကွားလယ် (ခ) ခိုးခို ကျဆုံးခဲ့ကြောင်း လွိုင်ကော် PDF မှ သတင်းထုတ်ပြန်သည်။

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဘက်သို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကော်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှ ည ၇ နာရီထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး သေဆုံးသူအရေအတွက်ပိုများနိုင်ကြောင်းKNDF ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့် ထိုးစစ်ဆင်လာမှုကို ကရင်နီတပ်မတော်၊ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်းနှင့် ကျဆုံးခဲ့သည့် လွိုင်ကော် PDF မှ ရဲဘော် မောင်ပါစ္စကွားလယ်အား သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *