နစက စစ်ကောင်စီတပ်များ အထိနာပြီးနောက် ယနေ့ မြို့ကြီးသုံးမြို့အင်တာနက်အဖြတ်ခံရ

Unicode:

သောင်းကျန်းသူစစ်ကောင်စီတပ်များ အထိနာပြီးနောက် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် ၃ ခုတွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ကြာင်းသိရှိရပါသည်။

စစ်ကောင်စီတပ်များကို လက်နက်ကိုင်တော်လှန်နေသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ် ၃ ခုတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

“ပင်လည်ဘူးမြို့နယ်တွင်းမှာ အင်တာနက် ဖုန်းလိုင်းပြတ်တောက်သွားပါပြီ” ဟု ပင်လည်ဘူးမြို့နယ်သတင်းရင်းမြစ်က ပြောကြားခဲ့ပါ‌ေသးသည်။အလားတူ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်များတွင်လည်း အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ယနေ့ နံနက်ပိုင်းမှစတင်၍ ပြတ်တောက်သွားကြောင်း သိရှိရပါသည်။

“ကောလင်း၊ ဝန်းသို ၂ ခုစလုံး ဖုန်းဆက်လို့လည်း မရတော့ဘူး” ဟု ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။လက်ရှိတွင် စစ်ကောင်စီတပ်များသည် ပင်လည်ဘူး၊ ကောလင်းနှင့်ဝန်းသိုမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိပြီး သေဆုံးမှုလည်း များပြားလျက်ရှိနေကြောင်း သိရှိရခဲ့သည်။

သောင်းကျန်းသူ ဖက်ဆစ်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ အရာတော်၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတင်လင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စုစုပေါင်း ၁၀ မြို့နယ်တွင်လည်းကောင်း မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်း၊ တောင်တွင်းကြီး စုစုပေါင်း ၄ မြို့နယ်တွင်လည်းကောင်း၊ မန္တလေး တိုင်းအတွင်းရှိ မြင်းခြံ၊ မိုးကုတ်မြို့နယ်စုစုပေါင်း ၂ မြို့နယ်တွင်လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းရှိ ဖားကန့်မြို့နယ် စုစုပေါင်း ၁ မြို့နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ပလက်၀ စုစုပေါင်း ၈ မြို့နယ်တွင်လည်းကောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း မြို့နယ် ၂၅ ခုတွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ထား‌ေကြာင်းသိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *